DVB Logo
Home
မေးမြန်းခန်း
ကျပ် ၅၀၀၀ တန် ဖုန်း​ကတ် သုံး​ခွင့်​ရ​ရေး​ နီး​စပ်​နေပြီ
DVB
·
April 17, 2012
ကျပ် ၅၀၀၀ တန် ဖုန်း​ကတ် သုံး​ခွင့်​ရ​ရေး​ နီး​စပ်​နေပြီ
Donate to DVB

တယ်လီဖုန်း​ ဆင်း​မ်ကတ်တခုကို ကျပ် ၅,၀၀၀ နဲ့​ အများ​ပြည်သူ အသုံး​ပြုနိုင်ဖို့​ကိစ္စဟာ တဖြည်း​ဖြည်း​နီး​ကပ်လာ​နေပြီလို့​ ဒီ​ဈေး​နှုန်း​ကို မြန်မာပြည်မှာ စတင်မိတ်ဆက်တင်ပြသူ ​ရွှေပြည်တံခွန် ကုမ္ပဏီက မန်း​နေဂျင်း​ ဒါရိုက်တာ ဦး​လွင်နိုင်ဦး​က ​ပြောပါတယ်။

ဦး​လွင်နိုင်ဦး​တို့​ ကနဦး​က စီစဉ်​နေတဲ့​ ကျပ် ၅၀၀၀ တန် ဆင်း​မ်ကတ်ကိစ္စ ​နောက်ဆုံး​ အ​ခြေအ​နေ​လေး​ သိပါရ​စေ။

“ကျ​နော်တို့​ တင်ထား​တုန်း​ပဲ။ ဥပ​ဒေကို ​စောင့်​နေတာ​ပေါ့​နော်။ အဲဒါပါပဲ။”

မြန်မာ့​ဆက်သွယ်​ရေး​နဲ့​ ​ကြေး​နန်း​ကို တရား​ဝင်တင်ထား​တဲ့​ အ​ခြေအ​နေက​ရော..။

“ဟုတ်ကဲ့​။ တရား​ဝင် တင်ထား​တာပဲ။ ဆက်သွယ်​ရေး​နဲ့​ ပတ်သက်တဲ့​ ဥပ​ဒေကို လွှတ်​တော်မှာတင်မယ်ဆိုပြီး​ ဦး​အောင်သိန်း​လင်း​က ကျ​နော့်​ကို​ပြောသွား​တယ်။ ပြီး​ခဲ့​တဲ့​လက ကျ​နော်တို့​ ၂ ​ယောက်​တွေ့​တုန်း​ကပါ။”

သမ္မတကလည်း​ သူ့​ရဲ့​ ၁ နှစ်တာ နိုင်ငံ​တော်အ​ခြေပြ မိန့်​ခွန်း​ထဲမှာ ကျပ် ၅၀၀၀ တန်ဖုန်း​ ပုံစံမျိုး​ တန်ဖိုး​နည်း​ဖုန်း​တွေ သုံး​နိုင်​အောင် ​ပြောသွား​တယ်။ အဲဒီ​တော့​ ဘယ်​လောက်ထိ​အောင် နီး​စပ်လဲ။ ဘယ်လိုခန့်​မှန်း​လဲဗျ။

“နီး​စပ်ပါတယ်ခင်ဗျ။ လိုအပ်​တွေ ကိစ္စ​တွေ လုပ်ပြီး​သွား​ရင်။ ဥပ​ဒေ ပြင်ပြီး​သွား​ရင် လုပ်လို့​ရပြီဗျ။”

ဥပ​ဒေက ဘယ်​လောက်ထိ​အောင် ကြာနိုင်လဲ။

“ဒါက​တော့​ ဥ​ပေဒကို လုပ်မယ့်​ လွှတ်​တော်ကိုယ်စား​လှယ်​တွေအ​ပေါ်မှာ မူတည်တာပဲဗျ။ လွှတ်​တော် ကိုယ်စား​လှယ်​တွေက ဒါဟာ ပြည်သူ​တွေအတွက် လုပ်ရမယ်။ နိုင်ငံတကာမှာလည်း​ ဒါမျိုး​ဖြစ်​နေပြီ။ ​နောက်ပြီး​ အခုကိစ္စက အ​ရေး​ကြီး​တယ်ဆိုတာကို လွှတ်​တော် ကိုယ်စား​လှယ်​တွေ အား​လုံး​ သိကြပါတယ်။ ဟိုတ​လောက​တော့​ ဂျာနယ်​တွေမှာ ကြား​တာက ​မေလ​လောက်ကို တင်မယ်ကြား​တယ်။”

အခု ၂ သိန်း​တန်ဖုန်း​တွေ ​ရောင်း​နေတယ်​နော်။

“ဟုတ်ပါတယ်။ ၂ သိန်း​တန်ဖုန်း​တွေဆိုတာက တန်ဖိုး​နည်း​ဖုန်း​တွေမှ မဟုတ်တာဗျာ။”

အရင်က ၁၅ သိန်း​လောက်က​နေ တဖြည်း​ဖြည်း​ ကျလာတာ​နော်။

“အဲဒါက အရင်အစိုး​ရတုန်း​ကပါ။ အခု​ခေတ် အ​ခြေအ​နေအရ ဂလိုဘယ်လိုက်​ဇေး​ရှင်း​လည်း​ ဖြစ်​နေပြီ​လေ။ ပါး​စပ်က ​ပြောလို့​မရဘူး​။ လက်​တွေ့​ ဂလိုဘယ် ဖြစ်​အောင် ဘယ်လိုလုပ်ရမလဲ။ စီး​ပွား​ရေး​ပုံစံတခုဖြစ်​နေတာကို ဘယ်လို​ပြောင်း​ရမလဲ။ အရင်တုန်း​က လုပ်တဲ့​ခေတ်​တွေ စနစ်​တွေ မရှိ​တော့​ဘူး​။ အ​ခြေခံဥပ​ဒေမှာလည်း​ ဘာ​တွေဆိုတာ ​ရေး​ထား​ပြီး​သား​ပါ။ ​ဈေး​ကွက်စီး​ပွား​ရေး​စနစ်ကို ကျ​နော်တို့​ ကျင့်​သုံး​ရမယ်။”

ဦး​လွင်နိုင်ဦး​တို့​ ကျပ် ၅၀၀၀ တန်ဖုန်း​ သတင်း​က​တော့​ မြန်မာပြည်တပြည်လုံး​ကို ဆွဲ​ခေါ်သွား​သလိုပဲ ဒီကြား​ထဲ သမ္မတသက်တမ်း​ ၁ နှစ်ပြည့်​ မိန့်​ခွန်း​မှာလည်း​ ဒီကိစ္စကိုလည်း​ ထည့်​ပြောသွား​တယ်ဆို​တော့​ အလား​အလာက​တော့​ ​တော်​တော်​လေး​ နီး​စပ်တဲ့​သ​ဘော​ပေါ့​နော်။

“ဟုတ်ပါတယ်။ ဒါက သမ္မတကြီး​ကလည်း​ သန်း​ ၆၀ ​သော ပြည်သူ​တွေဘက်က ရပ်တည်ပြီး​ ​ပြောသွား​တာပါ။”

ဆက်သွယ်​ရေး​ဥပ​ဒေက တင်လိုက်ပြီး​ ကျလာလို့​ ဦး​လွင်နိုင်ဦး​တို့​ လုပ်ပိုင်ခွင့်​ ရလာရင် ဘယ်နှလ​လောက်အတွင်း​မှာ အ​ကောင်အထည် ​ဖော်နိုင်မလဲ။

“ကျ​နော်အရင်က ကတိ​ပေး​ထား​သလိုပဲ ၃ လနဲ့​ ၆ လအတွင်း​မှာ ဧရာဝတီတိုင်း​နဲ့​ ရန်ကုန်တိုင်း​အတွင်း​မှာ အ​ကောင်အထည်​ဖော်မှာပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013