DVB Logo
Home
မြန်မာသတင်း
မြေစာပုံပြိုကျသဖြင့် အမျိုးသမီး ၁ ဦး မြေပိသေဆုံး
DVB
·
December 5, 2017
မြေစာပုံပြိုကျသဖြင့် အမျိုးသမီး ၁ ဦး မြေပိသေဆုံး
Donate to DVB

 

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဆင်စခန်းကျေးရွာအုပ်စုမှာ ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီလောက်က အုတ်လုပ်ဖို့ပုံထားတဲ့ မြေစာပုံပြိုကျပြီး အသက် ၃၉ နှစ်အရွယ်အမျိုးသမီးတဦး မြေပိသေဆုံးခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းက သိရပါတယ်။

သေဆုံးသူဟာ ပေါင်းတည်မြို့ စပါးကြွယ်ကျေးရွာကနေ အုတ်လုပ်ဖို့ လာရောက်လုပ်ကိုင်နေသူ မညွန့်ညွန့်စိန်ဆိုသူဖြစ်ပြီး  ဒီဇင်ဘာ ၃ ရက်နေ့မှာ ညနေပိုင်းမှာ အုတ်လုပ်ဖို့ ပုံထားတဲ့ အမြင့်ပေ ၁၂ လောက် မြေစာပုံမှ မြေသယ်စဉ်မြေပြိုကျပြီး မြေပိသေဆုံးခဲ့တာလို့ အုတ်ကွင်းလုပ်သားတဦးက ပြောပါတယ်။

တိုက်ကြီးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်သူစိုးက “ဖြစ်တဲ့အချိန်က  ၃ ရက်နေ့ ညနေပိုင်းကဖြစ်တာ။ ၄ ရက်နေ့ မနက် ၆ နာရီခွဲမှာ ဆင်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူးက စခန်းကိုအကြောင်းကြားလို့ စခန်းမှူးရယ်၊ ကျနော်တို့ အဖွဲ့တွေရယ်၊ အုပ်ချုပ်ရေးအဖွဲ့တွေသွားတော့ အလောင်းက အပြင်ရောက်နေပြီ အလုပ်သမား တွေပြောတာက အဲဒီနေ့ကမှ ရောက်တာတယောက်ထဲ မိသားစုဝင်တွေ မပါဘူး။ ရောက်တဲ့ ညနေဘက်မှာပဲ အခုလိုဖြစ်သွားတာလို့ပြောပါတယ်” လို့ ပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး တိုက်ကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၅/၂၀၁၇ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013