DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် တိုင်းရင်းသားရွာသစ် ၁၂ရွာ တည်ဆောက်မည်
DVB
·
December 5, 2017
မောင်တောတွင် တိုင်းရင်းသားရွာသစ် ၁၂ရွာ တည်ဆောက်မည်
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ တိုင်းရင်းသားစုစည်းကျေးရွာသစ် ၁၂ ရွာ ဖော်ထုတ် တည်ဆောက်သွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က ပြောပါတယ်။

နိုင်ငံပိုင်သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောခဲ့တာဖြစ်ပြီး ဝေးလံခေါင်ဖျားတဲ့ နေရာတွေ၊ လုံခြုံမှုအရခက်ခဲတဲ့ ကျေးရွာတွေကို သင့်လျော်သလို ရွှေ့ပြောင်း စုစည်းပေးတာအပြင် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ပေးနေတယ်လို့လည်း ပြောပါတယ်။

“လောလောဆယ်မှာတော့ ကျေးရွာသစ် ၁၂ ရွာ လျာထားတယ်။ လတ်တလော အိမ်ခြေ နည်းပြီး လုံခြုံမှုပိုင်းဆိုင်ရာ အထောက်အကူမပြုနိုင်တဲ့ ကျေးရွာတွေကို ရှိပြီးသား ကျေးရွာတွေနဲ့ ပေါင်းစပ်ပေးတယ်။ မြို၊ ခမီ၊ ရခိုင် သူ့ကျေးရွာအလိုက် လမ်းပန်းဆက်သွယ်ရေးအပေါ် မူတည်ပြီး ရွှေ့ပြောင်းရေးကိစ္စအတွက် တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။”

ဒေသခံပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေကို ခွဲခြားမှု မရှိဘဲ ဆက်လက်ထောက်ပံ့ပေးနေသလို ပြန်လည်ထူထောင်ရေးကိစ္စကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

အခုချိန်မှာ ဒေသပြန်လည် တည်ငြိမ်လာပြီး မူလကျေးရွာတွေကို ပြန်လည် ရောက်ရှိလာပြီမို့ ကျေးရွာအရောက် ရိက္ခာထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက် တဲ့အခါမှာလည်း တိုင်းရင်းသားတွေရော၊ ဟိန္ဒူဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင်တွေ အားလုံး ကို လူဦးရေအပေါ်မှာ မူတည်ပြီး သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း မျှတစွာထောက်ပံ့ပေး ခဲ့တယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် သိန်းနဲ့ချီတဲ့လူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ကြသလို ဒေသခံ လူနည်းစုတိုင်းရင်းသားတွေ ထောင်နဲ့ချီပြီးလည်း စစ်တွေဘက် ထွက်ပြေးခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013