DVB Logo
Home
မြန်မာသတင်း
အထက်မင်းလှမြို့နယ်တွင် တရားမဝင်သစ်များ ဖမ်းဆီးအရေးယူ
DVB
·
December 5, 2017
အထက်မင်းလှမြို့နယ်တွင် တရားမဝင်သစ်များ ဖမ်းဆီးအရေးယူ
Donate to DVB

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာမှာ ဒီဇင်ဘာ ၃ ရက်နေ့က တရားမဝင် သစ်တွေဖမ်းဆီး အရေးယူထားတယ်လို့ သစ်တောဦးစီးက ပြောပါတယ်။

သရက်ခရိုင် သစ်တောဦးစီးဌာန၊ သစ်တောရဲတပ်ဖွဲဝင်တွေနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က တရားမဝင်သစ်တွေ ထုတ်လုပ်သယ်ယူနေကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ နေအိမ်ဝိုင်းထဲက တရားမဝင် သစ်ခွဲသား ၇ တန်ကျော်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သရက်ခရိုင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

တရားမဝင် သစ်ခွဲသားတွေ လက်ဝယ်ထားရှိသူ ဦးသိန်းမောင်ပါ ၇ ဦးတို့အား သစ်တော ဥပဒေအရ အရေးယူ ဆောင်ရွက်ထားပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013