
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ မီးခတ်ချောင်းကျေးရွာမှာ ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၃ နာရီကျော်က ကားနဲ့ ဆိုင်ကယ်တိုက်မိလို့ အမျိုးသမီး ၂ ဦး သေဆုံးသွားပါတယ်။
တောင်ငူ-လွိုင်ကော်ကားလမ်း မိုင်တိုင်အမှတ် ၁၉ မိုင်အနီးမှာ မောင်းနှင်လာတဲ့ ၆ ဘီးမော်တော်ယာဉ်ဟာ ဘရိတ်ပေါက်ပြီး မစိုးစန္ဒာထွန်း ၂၂ နှစ် မောင်းနှင်ပြီး တရွာတည်းနေ နော်အေးချမ်းမေ လိုက်ပါစီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်တို့ တိုက်မိလို့ နော်အေးချမ်းမေဟာ အခင်းဖြစ်ရာ နေရာမှာ သေဆုံးသွားတာဖြစ်ပါတယ်။
ဆိုင်ကယ်မောင်းနှင်သူ မစိုးစန္ဒာထွန်းလည်း ဒဏ်ရာကြောင့် တောင်ငူ ဆေးရုံမှာ ပို့ဆောင်တုန်း ထပ်မံ သေဆုံးသွားခဲ့ပါတယ်။
အခုလို လူသေဆုံးမှု ဖြစ်ပွားအောင် ယာဉ်ကို မဆင်မခြင်မောင်းနှင်တဲ့ သားညီ(ခ)စောသာကလိုထူးကို လိပ်သိုနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။











