DVB Logo
Home
မြန်မာသတင်း
ထောက်ကြံ့စားသောက်ဆိုင်တွင် ရဟန်းတစ်ပါးကို ထိုးကြိတ်ခဲ့သူများအား အမှုဖွင့်အရေးယူ
DVB
·
December 4, 2017
ထောက်ကြံ့စားသောက်ဆိုင်တွင် ရဟန်းတစ်ပါးကို ထိုးကြိတ်ခဲ့သူများအား အမှုဖွင့်အရေးယူ
Donate to DVB

ထောက်ကြံ့လမ်းဆုံ လမင်းသာစားသောက်ဆိုင် (၂) မှာ ကျမ်းပြုဆရာတော်အပေါ် အကြမ်းဖက်ထိုးကြိတ်လိုက်သူတွေကို ဆက်လက်ရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဆရာတော်အမှုမှန်ပေါ်ပေါက်ရေး သတင်းထုတ်ပြန်ရေး ကော်မတီက ပြောပါတယ်။

အကြမ်းဖက်ခံရတဲ့ ဆရာတော် ဘဒ္ဒန္တက္ကုန္ဒကရဲ့ ဖြစ်ရပ်မှန် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၄ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် သမ္မတ သင်္ဃန်းတိုက်မှာပြုလုပ်ခဲ့ပါတယ်။

ဆရာတော်ဟာ နိုဝင်ဘာ ၂၈ ရက်က ခရီးသွားလာရင်း ထောက်ကြံ့လမ်းဆုံက လမင်းသာ(၂)စားသောက်ဆိုင်ကို ဆေးသောက်ဖို့အတွက် ရေအလှူခံတာကို ဆိုင်ရှင်နဲ့ အပေါင်းပါ ၂ ဦးက ၂ နာရီလောက်အထိ ရိုက်နှက်ထိုးကြိတ်ခဲ့တာပါ။

အဲဒီနောက် မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်တပါးကို အရက်သေစာသောက်စား ရမ်းကားတဲ့ ဆရာတော်တပါးအဖြစ် စွပ်စွဲတိုင်ကြားခဲ့တာကြောင့် ဆရာတော်ကို နောက်နောင် အရက်သေစာမသောက်စားဖို့ သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်က ခံဝန်ကတိ ထိုးခိုင်းခဲ့တာပါ။

အကြမ်းဖက်ခံရတဲ့ ဆရာတော်ဟာ ဘာသာရေး ကျမ်းစာအုပ်ပေါင်း ၇ အုပ်ကို ကျမ်းပြုရေးသားခဲ့တဲ့အပြင် ကျောင်းထိုင် ဆရာတော်အဖြစ် နေထိုင်ရမှာကို ငြင်းဆန်ခဲ့ပြီး တရားအားထုတ်နေတဲ့ ဆရာတော်ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်ဆေးစုံစမ်းခြင်းမရှိဘဲ ခံဝန်ထိုးခိုင်းခဲ့တဲ့ ဆရာတော်ကိုလည်း သက်ဆိုင်ရာ သံဃနာယကဆရာတော်တွေဆီ စာပေးပို့တိုင်ကြားသွားမယ်လို့ လှည်းကူးမြို့နယ် ရမ္မဝတီ ကျောင်းတိုက် ဆရာတော် အရှင်ဝိသာရဒက မိန့်ပါတယ်။

ဆရာတော်ကို ရိုက်နှက်ထိုးကြိတ်ခဲ့ သူတွေကို ထောက်ကြံ့မြို့မရဲစခန်းက စခန်းမှူးက ပုဒ်မ ၂၉၅(က)၊ ပုဒ်မ ၃၂၃၊ပုဒ်မ ၄၀၃ နဲ့ ပုဒ်မ ၁၁၄တို့နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-ဓာတ်ပုံ-စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013