DVB Logo
Home
မြန်မာသတင်း
သင်္ကြန်အတက်​နေ့​ ရန်ကုန်၊​ မန္တ​လေး​နှင့်​ ​ချောင်း​သာ
DVB
·
April 16, 2012
သင်္ကြန်အတက်​နေ့​ ရန်ကုန်၊​ မန္တ​လေး​နှင့်​ ​ချောင်း​သာ
Donate to DVB

သင်္ကြန်အတက်​နေ့​မှာ ရန်ကုန်မြို့​က ကမ္ဘာ​အေး​ဘုရား​လမ်း​၊​ ပြည်လမ်း​၊​ ကန်​တော်ကြီး​ ကန်ပတ်လမ်း​ စတဲ့​ နာမည်ကြီး​ ​တေး​ဂီတဝိုင်း​တွေ ​ဖျော်​ဖြေကြတဲ့​ ​နေရာ​တွေမှာ သင်္ကြန်​ရေကစား​သူ​တွေ ပိုစည်ကား​ပြီး​၊​ ဆင်​ခြေဖုံး​ မြို့​နယ်​တွေမှာ​တော့​ သိပ်မစည်ဘူး​လို့​ ဒီဗွီဘီသတင်း​ထောက် ကိုဝင်း​မော်က ​ပြောပါတယ်။

ဒီနှစ် ရန်ကုန်သင်္ကြန်မှာ သံချပ်အလှပြကား​တွေ ပြန်ထွက်ပြီး​ သံချပ်ထိုး​ အက အလှ​တွေနဲ့​ လှည့်​လည် ​ဖျော်​ဖြေကြပါတယ်။ ကျွန်ုပ်တို့​သည်၊​ သာဓုပါဗျာ၊​ ​မောင်​မောင်ဆို​လေထီး​ရိုး​ရှည် စတဲ့​ သံချပ်ကား​တွေ မြို့​တွင်း​လှည့်​လည် ​ဖျော်​ဖြေကြရာမှာ လူလတ်ပိုင်း​နဲ့​ လူကြီး​ပိုင်း​တွေက ပိုမိုအား​ပေး​ကြတာ ​တွေ့​ရပြီး​ လူငယ်ပိုင်း​က​တော့​ ​တေး​ဂီတ ​ဖျော်​ဖြေ​ရေး​ အဖွဲ့​တွေကိုပဲ သွား​ရောက် အား​ပေး​ကြတယ်လို့​လည်း​ ဆိုပါတယ်။

ရန်ကုန်က ဒီဗွီဘီသတင်း​ထောက် ကိုဝင်း​မော်က “ဒီဘက်​ခေတ် လူငယ်​တွေက သံချပ်ယဉ်​ကျေး​မှုကို သိပ်ပြီး​တော့​ သတိမထား​မိ​တော့​ဘူး​။ သူတို့​အတွက် ထူး​ဆန်း​နေတယ်။ လူကြီး​တွေ၊​ လူငယ်၊​ လူလတ်ပိုင်း​တွေ ၃၀ ​ကျော်၊​ ၄၀ ​ကျော်​တွေက​တော့​ အား​ပေး​ကြပါတယ်။ ဒီ​နေ့​ဆို မင်း​ကိုနိုင်တို့​ မနက်က သင်္ကန်း​ကျွန်း​မြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​မှာ စတုဒီသာ​ကျွေး​တဲ့​ပွဲမှာ ​ရောလုပ်​တော့​ ​သောင်း​သောင်း​ဖြဖြ ကြိုဆိုကြတယ်။ လူငယ်​တွေပဲ။ သံချပ်​တွေတိုင်​တော့​လည်း​ လူငယ်​တွေပဲ။ ဒါက​တော့​ နိုင်ငံ​ရေး​နဲ့​ ပတ်သက်​တော့​ နည်း​နည်း​လေး​ အား​ပေး​တာ ပိုများ​တယ်။ သံချပ်အ​နေနဲ့​တော့​ လူကြီး​ ပရိသတ်ပဲ များ​တယ်။ လူငယ်​တွေက​တော့​ သိပ်နား​မလည်ဘူး​။ ​မျှော်စင်ကျွန်း​တို့​လို စတိတ်ရှိုး​မှာပဲ ကြိတ်ကြိတ်တိုး​နေကြတယ်။ လူငယ်​တွေကလည်း​ ပြတ်​နေတာက အနှစ် ၂၀ ​ကျော်ဆို​တော့​ အခုမှ သံချပ်ပြန်မြင်ရတာဆို​တော့​ တချို့​က​လေး​တွေ ဆယ်​ကျော်သက်​တွေဆို သံချပ်ဆိုတာ ကြား​တောင်မကြား​ဖူး​ဘူး​။ ဟစ်​ဟော့​ဆိုတာ​လောက်​တော့​ သူတို့​သိတယ်။ သံချပ်ဆိုတာဟာ ဟစ်​ဟော့​နဲ့​ နည်း​နည်း​တူသလို ရှိတယ် ဆိုတာ​လောက်ပဲ သူတို့​ နား​လည်​တော့​တယ်။”

မန္တ​လေး​မြို့​ရဲ့​ သင်္ကြန်အတက်​နေ့​မှာ​တော့​ မြို့​သစ်​တွေမှာ လူမကျန်​တော့​သ​လောက် မြို့​တွင်း​ကျုံး​နံ​ဘေး​ ပတ်လည်​တွေကို သွား​ရောက်ပြီး​ သင်္ကြန်​ရေကစား​နေကြတယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

ဒီနှစ်မန္တ​လေး​သင်္ကြန်ဟာ ခါတိုင်း​နှစ်​တွေထက် တိုး​မ​ပေါက်​အောင် စည်ကား​သလိုပဲ အမျိုး​သမီး​ငယ်​လေး​တွေရဲ့​ ဝတ်စား​ဆင်ယင်မှုကလည်း​ ​ပြောစမှတ် ဖြစ်​လောက်​အောင် ရဲတင်း​လွန်း​တယ်လို့​လဲ ဆိုပါတယ်။

မ​ပေါ့်​တ​ပေါ် ဝတ်စား​ပြီး​ သင်္ကြန်လည်​နေကြတဲ့​ အမျိုး​သမီး​ငယ်​လေး​တွေကို ဓာတ်ပုံ၊​ ဗီဒီယိုရိုက်ပြီး​ ဖုန်း​အ​ရောင်း​ဆိုင်တချို့​မှာ ပြန်​ရောင်း​နေကြတာလည်း​ ​တွေ့​ရတယ်လို့​ မြို့​ခံက ​ပြောပါတယ်။

မန္တ​လေး​မြို့​မြို့​ခံ ကိုနီနီ​အောင်က “မိန်း​က​လေး​တွေက ​ယောကျာ်း​လေး​တွေနဲ့​မတူ​တော့​ဘူး​။ ​ယောကျာ်း​လေး​တွေက လုံလုံခြုံခြုံဝတ်တယ်။ မိန်း​က​လေး​တွေက အခု ​နောက်ပိုင်း​တော့​ ကိုရီး​ယား​ ယဉ်​ကျေး​မှု​ပေါ့​။ အသား​ကပ်​တွေ တအား​ဝတ်တယ်။ ​ရေစို​တော့​ ဘယ်လိုမှ ကြည့်​ရတာ အမြင်မ​တော်​တော့​ဘူး​။ တချို့​ဆို အ​ပေါ်မှာ မိန်း​က​လေး​ အတွင်း​ခံအင်္ကျီမပါဘဲနဲ့​ ပါး​ပါး​လေး​ဝတ်တယ်။ အ​နွေး​ထည်​လေး​ အုပ်ထား​တယ်။ မနှစ်ကထက် ပိုဆိုး​လာတယ်။ စင်​ပေါ်မှာ ​ရေပတ်​နေတဲ့​မိန်း​က​လေး​တွေ၊​ ကား​ပေါ်မှာသွား​နေတဲ့​ မိန်း​က​လေး​တွေ၊​ ​တော်​တော်များ​တယ်။ ​အောက်က​တော့​ ဆိုင်ကယ်နဲ့​ ​ခြေကျင်​လျှောက်တဲ့​ လူတန်း​စား​က​တော့​ ဝတ်​တော့​ဝတ်တယ်။ သူတို့​လောက် မဆိုး​ဘူး​။ ဒါ​လေး​တွေကို လိုက်ပြီး​တော့​ မှတ်တမ်း​တင်ပြီး​ ​ဖေ့​ဘုတ်​ပေါ်တင်တယ်။ အ​ခွေထုတ်​ရောင်း​တယ်။ နယ်​တွေကိုလည်း​ ဖြန့်​တယ်။ ဖုန်း​ထဲကို တချို့​လည်း​ ဒီဇိုင်း​သစ်နဲ့​ သင်္ကြန်မှတ်တမ်း​အ​ခွေပုံစံနဲ့​ လူငယ်​တွေ ဖုန်း​ဆိုင်​တွေမှာ ပိုက်ဆံ​ပေး​ပြီး​ ပြန်ဝယ်ထည့်​လို့​ရတယ်။”

မန္တ​လေး​မြို့​က ကျုံး​တောင်ဘက်ခြမ်း​၊​ နာမည်ကြီး​ အနုပညာရှင်​တွေ ​ဖျော်​ဖြေတဲ့​ မဏ္ဍပ်​တွေမှာ အထူး​စည်ကား​နေပြီး​၊​ ဆည်​တော်​လေး​ဘက်နဲ့​ ​တောင်သမန်အင်း​ တို့​မှာလည်း​ သင်္ကြန်​ရေကစား​သူ​တွေနဲ့​ စည်ကား​ခဲ့​ပါတယ်။

သင်္ကြန်တွင်း​မှာ ​ချောင်း​သာကမ်း​ခြေမှာ အပန်း​ဖြေသူ​တွေ အထူး​များ​ပြား​ စည်ကား​နေတယ်လို့​ ​ချောင်း​သာ ဟိုတယ်မက်စ်က မန်​နေဂျာ ကိုညီညီ​အောင်က ​ပြောပါတယ်။

သင်္ကြန်အကြိုရက် မတိုင်ခင် ဧပြီ ၁၁ ရက်က ဆူနာမီငလျင်​ကြောင့်​ ဟိုတယ်အခန်း​ကြိုယူထား​သူတချို့​ ဖျက်သွား​ခဲ့​တာမျိုး​ ရှိခဲ့​ပေမယ့်​ သင်္ကြန်တွင်း​မှာ​တော့​ အရင်နှစ်​တွေကထက်ကို ပိုစည်တယ်လို့​ သူက ​ပြောပါတယ်။

“သင်္ကြန်ရက်မှာ ဧည့်​သည်​လျော့​တယ် ဆိုတာ​တော့​ မရှိပါဘူး​။ လွန်ခဲ့​တဲ့​ ၂ နှစ်​လောက်က​တော့​ မိုး​နည်း​နည်း​ရွာ​တော့​ ဧည့်​သည်နည်း​နည်း​ပါး​တာ ရှိခဲ့​ဖူး​တယ်။ အခု​တော့​ မိုး​လုံး​ဝမရွာလို့​ အစည်ဆုံး​နှစ်လို့​ ​ပြောလို့​ရပါတယ်။”

ကမ်း​ခြေဟိုတယ်​တွေမှာ အခန်း​မရလို့​ ​ချောင်း​သာရွာထဲက အိမ်​တွေ ငှား​ပြီး​နေရတဲ့​ သူ​တွေ ရှိတဲ့​အ​ကြောင်း​နဲ့​ ဟိုတယ်ခ​တွေက အရင်နှစ်​တွေလိုပဲ သာမန်အချိန်ထက် ​ဈေး​နှစ်ဆ ပို​ပေး​ရတယ်လို့​ ​ချောင်း​သာမှာ အပန်း​ဖြေ​နေသူ တဦး​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013