
မသန်စွမ်းသူတွေအတွက် မသန်စွမ်းမှုဆိုင်ရာမီဒီယာထူးချွန်ဆု ဒီဗွီဘီသတင်းဌာနကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေး ၀န်ကြီးဌာနက ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
ဒီဇင်ဘာ ၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဒုဝန်ကြီး ဦးစိုးအောင်က ပေးအပ်ချီးမြှင့်လိုက်တာဖြစ်ပြီး ဒီဗွီဘီ သတင်းဌာနကိုယ်စား နေပြည်တော် အခြေစိုက် ဒီဗွီဘီ သတင်းထောက် ဦးအောင်ဆန်းဦးက ဆု လက်ခံရယူခဲ့ပါတယ်။
ဒီဗွီဘီသတင်းဌာနကနေ မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ ရုပ်သံ အစီအစဉ်တွေ အများအပြားထုတ်လွှင့်ပေးခဲ့သလို၊ အကြားအာရုံ မသန်စွမ်းသူတွေအတွက် ရုပ်မြင်သံကြားကနေ Sign Language နဲ့လည်း ထုတ်လွှင့်ပေးခဲ့တာတွေအတွက် ဆုရွေးချယ် ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ စွမ်းဆောင်မှုထူးချွန်ဆု၊ လူတိုင်း အကျုံးဝင်ပညာရေး အကောင်အထည်ဖော်ဆောင်ရွက်မှု ထူးချွန်ဆုနဲ့ မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အရေးဆိုင်ရာ ထူးချွန်ဆုတွေကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဓာတ်ပုံ- moi










