DVB Logo
Home
မြန်မာသတင်း
နမ့်စန်တွင် ဘုရားဖူးယာဉ်နှင့် ဆယ်ဘီးကား တိုက်မိ၊ ၃ ဦးသေဆုံး  ၁၅ ဦး ဒဏ်ရာရ
DVB
·
December 4, 2017
နမ့်စန်တွင် ဘုရားဖူးယာဉ်နှင့် ဆယ်ဘီးကား တိုက်မိ၊ ၃ ဦးသေဆုံး  ၁၅ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် နမ့်စမ်မြို့နယ်ထဲမှာ မိုးနဲမြို့ကနေ  ခိုလမ်မြို့နယ်ကို သွားမယ့် ဘုရားဖူးယာဉ်တစီး  လမ်းမှာ ရပ်ထားတဲ့ ဆယ်ဘီးကားတစီးကို ဝင်တိုက်မိပြီး  ၃ ဦးသေဆုံး ၁၅ ဦး ဒဏ်ရာရသွားပါတယ်။

ဒီဇင်ဘာ ၃ ရက် မနက်က မိုးနဲကနေ ခိုလမ်မြို့နယ် နောင်ဖာကန်ဘုရား ထီးတင်ပွဲ သွားမယ့် အဆိုပါဘုရားဖူးယဉ်ဟာ နမ့်စန်မြို့ရောက်ဖို့  ၁၀ မိုင်ခန့်အကွာ ဟိုင်းဖတ်ကျေးရွာနဲ့  နမ့်စုပ်ကျေးရွာကြားရောက်တော့ လမ်းပေါ်မှာ ရပ်ထားတဲ့ သစ်တင် ဆယ်ဘီးကားကြီးတစ်စီးကို ဝင်တိုက်မိပြီး လူတွေ သေဆုံးဒဏ်ရာရခဲ့ကြတာလို့ နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ နောင်ဖာကန်မှာ ဘုရားထီးတင်ပွဲသွားမလို့ဆိုပြီး မနက်အစောကြီး ထွက်လာတာ၊ သူတို့ကားက ကဲင်တာခြောက်ဘီးကားပေါ့နော်၊ မနက် ၄ နာရီလောက် ရောက်တော့ အရှေ့က သစ်တင်ထားတဲ့ ဆယ်ဘီးကားကြီးကို နောက်ကနေ ဝင်တိုက်လိုက်တာ၊ အရှိန်က တော်တော် ပြင်းတယ်နဲ့ တူပါတယ်၊ ကားရှေ့ခန်း တခုလုံး ကျေမွသွားတယ်။ သတင်းရရချင်း နမ့်စန်မြို့နယ် ရဲစခန်း တာဝန်ရှိသူနဲ့ ကျနော်တို့ဆီက တောင်တန်းလူငယ်လူမှုကူညီရေးအသင်းက လူနာတွေ သွားသယ်ပြီး လွိုင်လင်ဆေးရုံကို ပို့ပေးလိုက်တယ်။ ကားမောင်းသမားနဲ့ သူ့အမျိုးသမီးတော့ ပွဲချင်းပြီးပဲ။ နောက်ထပ်အမျိုးသမီးတယောက်ကတော့ ဒီကနေ့မနက်မှာ ဆေးရုံမှာပဲ ဆုံးသွားပြီလို့ ပြောတယ်။ ဒဏ်ရာရသူတွေ ၁၅ ယောက်ရှိတယ်။”

ယာဉ်မတော်တဆဖြစ်ရတာနဲ့ ပတ်သက်ပြီး အကြောင်းရင်းမှန် မသိရပေမယ့် ခရီးသွားတို့ ပြောပြချက်အရ သစ်တင်ကားကြီးမှာ လမ်းဘေးမှာ ရပ်ထားတယ်ဆိုပေမယ့် ပေတရာလမ်းမကြီးပေါ် ကျော်ပြီး ရပ်ထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဗွီဘီက နမ့်စန်ရဲစခန်းကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဘုရားဖူးကားပေါ် ပါလာတဲ့ မိုးနဲက လူနာရှင်တဦးကတော့ ကားမောင်းသမား လုင်းအိန္ဒာမှာ အသောက်အစားကင်းသူတဦး ဖြစ်ကြောင်း၊ မနေ့မနက်က သူတို့ ထွက်လာတာ မိုးမလင်းသေးတဲ့အပြင် နှင်းမှုန်တွေ ထူထပ်နေတာကြောင့် အရှေ့ကို ကောင်းစွာမမြင်ရဘဲ ရပ်ထားတဲ့ကားကို တိုက်သွားတာလို့ ဆိုပါတယ်။

ကားပေါ်ပါလာသူတွေဟာ မိုးနဲမြို့ လွိုင်ဝဲရပ်ကွက်ကဖြစ်ပြီး  စုစုပေါင်း ၁၉ ဦးရှိကြောင်း၊ ကားမောင်းသမား လုင်းအိန္ဒာ၊ သူ့ဇနီး ဒေါ်နန်းမွေးနဲ့ ခရီးသည် ဒေါ်နန်းညိုတို့ သေဆုံးသွားပါတယ်။

လောလောဆယ် လွိုင်လင်ဆေးရုံမှာ အတွင်းလူနာ ၁၁ ဦးရှိပြီး သူ့အမျိုးသမီးလည်း ခြေထောက်ကျိုးသွားကြောင်း၊ ကားတစီးလုံးမှာ ကလေး ၂ ယောက်သာ ဘာမှမဖြစ်ဘဲ ကျန်သူတွေ အားလုံးအနည်းနဲ့ အများ ဒဏ်ရာရကြတယ်လို့ လူနာရှင်တဦးက ပြောပါတယ်။

ဓာတ်ပုံ - U Nay Zaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013