
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၄၆,၉၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစား ကုန်သည်၊ စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၄၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၉၅၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ်နီးပါးလောက် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၃၂,၃၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၃၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲလုံး v2
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲလုံး v2 က ၅၇.၂၅ ပိဿာ ၁ အိတ်ကို ၉၄,၈၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး မန္တလေး ပွဲစားကုန်သည်၊ စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ငွေကျပ် ၁၀၄,၀၀၀ ကနေ ၁၀၅,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ၁ အိတ်ကို ၁၀,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ပွဲစား ကုန်သည် စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၂၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၇,၀၀၀ ပေါက်ဈေးရှိနေပြီး နှမ်းနက် အများဆုံးဝင်တဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၆,၀၀၀ ပေါက်ဈေးရှိပါတယ်။
စီပီပြောင်း
မန္တလေး ကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၃,၅၀၀ ပေါက်ဈေးရှိနေပြီး ပြောင်းအများဆုံး ဝင်ရောက်တဲ့ လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ အိတ်ကို ၂၃,၆၀၀ ကျပ်ကနေ ၂၄,၈၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပါတယ်။ လားရှိုးနဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၃,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။
စားအုန်းဆီ
မန္တလေး ကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၈၀ ကျပ်ကနေ ၁,၇၉၀ ကျပ် ပေါက်ဈေးရှိနေပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၈၂၀ ကျပ်ကနေ ၁,၈၄၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံ ၁ ပိဿာကို ၄၀ ကျပ်ကျော် ဈေးကွာခြားမှုရှိပြီး စားအုန်းဆီ ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











