DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ငါးဖမ်းမှုများကြောင့် ငါးပုတ်ခြောက်လုပ်ငန်းရှားပါးလာ
DVB
·
December 4, 2017
တရားမ၀င်ငါးဖမ်းမှုများကြောင့်  ငါးပုတ်ခြောက်လုပ်ငန်းရှားပါးလာ
Donate to DVB

 

မြိတ်ကျွန်းစုအတွင်း တရားမ၀င်ငါးဖမ်းလုပ်ငန်းတွေကို တားမြစ်မပေးနိုင်တဲ့အတွက် နာမည်ကြီးငါးပုတ်ခြောက်လုပ်ငန်းတွေ ရှားပါးလာနေပြီဖြစ်တယ်လို့ သိရပါတယ်။

ငါးပုတ်ခြောက်ကို ကက္ကူရံ (ကျွဲရင်) ငါးအမျိုးအစားနဲ့ ထုတ်လုပ်ရပြီး တောရန်ကုန်လို့ တချိန်က နာမည်ကျော်ကြားခဲ့တဲ့ စခန်းသစ်ရွာမှာ အဓိကထွက်ရှိပါတယ်။

ဒါပေမယ့် ပင်လယ်ပြင်အတွင်း တရားမ၀င်ငါးဖမ်းတာတွေ ပြုလုပ်လာတဲ့အပြင် အနီးအနားမှ တံငါသည်တွေလည်း ငါးဖမ်းပိုက်ကွက်အသေးတွေနဲ့ ကက္ကူရံငါးတွေကို လာရောက်ဖမ်းဆီးတာကြောင့် အရွယ်မတိုင်မီ ငါးတွေသေဆုံးခဲ့ရတယ်လို့ ရေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

စခန်းသစ်ကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းကိုကိုက “ကျနော်တို့ရွာမှာ အိမ်ခြေ ၈၂၀ ရှိပါတယ်။ အိမ်ခြေ ၆၀၀ လောက်က ရေလုပ်ငန်းကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရပါတယ်။ အရင်တုန်းက ငါးတွေ ပေါပါတယ်။ နောက်ပိုင်းမှာ ရှားပါးလာတယ်။ ငါးသား ပေါက်ရာသီမှာ ကံမော်ရွာကတံငါသည်တွေက ရွာအနားမှာ ပိုင်ကြမ်းလာဖမ်းတယ်။ ကက္ကူရံ ငါးလေးတွေက အရွယ်မရောက်လေးဘူး။ ၅ လက်မလောက်ရှိ တဲ့ ငါးတွေကို အကုန်ဖမ်း သွားတယ်။ အရွယ်မရောက်တဲ့ငါးတွေ ဆုံးရှုံးသွားတော့ ငါးတွေ အရွယ်မရောက်တော့ဘူး ရှားပါးကုန်တယ်။ ကျနော်တို့သုံးနေတဲ့ ပိုက်ကွက်က အရွယ်အစားကြီးပါတယ် ၆ လက်မခွဲ ရှိပါတယ်။ ကက္ကူရံကိုပဲ ဖမ်းတယ်။ အဘိုးအဘွားတွေ လက်ထက်ကတည်းက ဖမ်းလာတယ်။ ရေမိုင် ၁၀ မိုင်အတွင်းမှာပဲ ဖမ်းတယ်။ ငါးဦးစီးကလည်း သတ်မှတ်ပေးထားတယ်။ ဒါပေမယ့် တခြားနေရာတွေက ငါးဖမ်းသမားတွေက ပိုက်ကွက်အသေးတွေနဲ့ လာဖမ်းကြတယ်။ ဒီလို လာဖမ်းတဲ့သူတွေကို ကျနော်တို့ တားဆီးပါတယ်။ ပိုက်တွေကို မြို့နယ်တာဝန်ရှိသူတွေကို အပ်ပေးပါတယ်။ ဒါပေမယ့် မထိရောက်ဘူး။ နောက်တချက်က ကျနော်တို့ရွာအနီးကို ကမ်းဝေးဝါလတ်တွေက ကမ်းနီးအထိကို နေ့ရောညပါဝင်ဆွဲနေကြတယ်။ ညဘက်ဆို ဝါလတ်စက်သံ အတိုင်းသားကြားနေရတယ်”လို့ ပြောပါတယ်။

ငါးဖမ်းပိုက်ကွက်အသေးတွေနဲ့ ဆွဲတာ၊ ကမ်းနီးသို့ဝင်ရောက်ဒရွတ်ဆွဲတာတွေကို တားမြစ်ပေးနိုင်တာ မရှိသလို အနီးနားရှိ ရဲတပ်ဖွဲ့ဝင်တွေကို အကူညီတောင်းခံပြီး သွားရောက် ဟန့်တားပေမယ့်လည်း ရဲတပ်ဖွဲ့မှာ ငါးဖမ်းလုပ်ငန်းနဲ့ မသက်ဆိုင်ဘူးလို့ပြောကာ တရားမ၀င် လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ငါးဖမ်းလှေတွေမှ ပြန်လည်ရန်ပြုတာကို ကြုံတွေ့နေရကြောင်း စခန်းသစ်ဒေသခံတွေက ပြောပါတယ်။

လက်ရှိဈေးကွက်အတွင်း ငါးပုတ်ခြောက် ၁ ပိဿာကို ကျပ် ၄၀၀၀၀ လောက်ရှိပြီး အရင်နှစ်က ကျပ် ၃၀၀၀၀ ရှိခဲ့တယ်လို့သိရပါ တယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013