DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးမဟာဗျုဟာစီမံကိန်း အကောင်အထည်ဖော်ရန်ဆွေးနွေး
DVB
·
December 4, 2017
အမျိုးသားပညာရေးမဟာဗျုဟာစီမံကိန်း အကောင်အထည်ဖော်ရန်ဆွေးနွေး
Donate to DVB

 

ပညာရေးတိုးတက်မြင့်မားဖို့နဲ့ အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အထောက်အကူပြုစေဖို့ ရည်ရွယ်ပြီး  စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကာ ဆွေးနွေးပွဲကျင်းပနေပါတယ်။

ဆွေးနွေးပွဲမှာ တိုင်းအတွင်း ခရိုင် ၈ ခုမှ ခရိုင်အဆင့် ပညာရေးဌာန တာဝန်ရှိသူတွေက ပညာရေးဌာနအားနည်းချက်၊ အားသာချက်တွေ ကို စာတမ်းတင်သွင်း ဖတ်ကြားခဲ့ကြပြီး တက်လာလာသူတွေက အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

တိုင်းပညာရေးဌာနအနေနဲ့လည်း စာတမ်း ၄ စောင်ဖြစ်တဲ့ အခြေခံပညာရေးကဏ္ဍ ဗဟိုချုပ်ကိုင်မှုဖြေလျော့ခြင်း၊ ၂၀၁၆-၂၁ အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်း အားနည်းချက်၊ အားသာချက်၊ ပညာရေးဝန်ထမ်းများ အခက်အခဲနှင့် စိန်ခေါ်မှုများနှင့် ပညာရေးအသုံးစရိတ် မြှင့်တင်မှုနှင့် ပွင့်လင်းမြင်သာမှုစတဲ့ စာတမ်း ၄ စောင်ကိုလည်း တင်သွင်းဖတ်ကြား ဆွေးနွေးဖို့ ရှိပါတယ်။

လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက “ပညာရေးဌာနက အခြားဌာနတွေထက် ဝန်ထမ်းအင်အားပိုများပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတဲ့ဌာနလည်း ဖြစ်ပါတယ်။ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ နေ့ချင်းညချင်း လုပ်ဆောင်လို့မရဘဲ တဆင့်ခြင်းပြုပြင်ပြောင်းလဲရမှာဖြစ်ပြီး အခုဆွေးနွေးပွဲမှာလည်း အပြုသဘောဆောင်ပြီး အရင်အဆက်ဆက်ကလို အားလုံးကောင်းပါသည်ခင်ဗျားလို့မဟုတ်ဘဲ ပွင့်ပွင့်လင်း လင်းဆွေးနွေးကြဖို့” တိုက်တွန်းပြောပါတယ်။

ဒီဇင်ဘာ ၄ ရက်ကနေ ၅ ရက်ထိ ၂ ရက်တာကျင်းပမယ့် ဒီဆွေးနွေးပွဲကရရှိတဲ့ အကြံပြုဆွေးနွေးချက်တွေ၊ ထွက်ရှိလာတဲ့စာတမ်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနကို တင်ပြသွားမယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုကော်မတီအနေနဲ့ ပညာရေးဌာနနဲ့ပူးပေါင်းပြီး ပညာရေးကဏ္ဍအလုပ်ရုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ်ပြုလုပ်တာလည်းဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့  လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနဲ့ ပညာရေးဌာန တိုင်း၊ ခရိုင်အဆင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013