DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒေသဖြစ်ရပ်မှန်များဖော်ထုတ်ပြီး ကမ္ဘာသိရန်ဆောင်ရွက်မည်ဟု သူရဦးအောင်ကိုပြော
DVB
·
December 4, 2017
ရခိုင်ဒေသဖြစ်ရပ်မှန်များဖော်ထုတ်ပြီး ကမ္ဘာသိရန်ဆောင်ရွက်မည်ဟု သူရဦးအောင်ကိုပြော
Donate to DVB

 

ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန်အထောက်အထားတွေကို မှန်ကန်စွာ ဖော်ထုတ်ပြီး ကမ္ဘာကသိရှိဖို့ ဆက်လက်ဆောင်ရွက်မယ်လို့  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့က ရန်ကုန် အမျိုးသားစာကြည့်တိုက်မှာ ကျင်းပတဲ့ မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးမှာ ပြောကြားခဲ့တာလို့ ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဝန်ကြီး သူရဦးအောင်ကိုက “မြန်မာသမိုင်းအဖွဲ့ ဆောင်ရွက်ချက်များအနေဖြင့် တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း များပြုစုရေးသားခြင်းသည် နိုင်ငံ၏ အမျိုးဘာသာသာသနာကို ထောက်ပံ့ပေးမည့် မှတ်တိုင်များ ဖြစ်ပါကြောင်း၊ ရခိုင်ဒေသနှင့် ပတ်သက်သည့် ဖြစ်ရပ်မှန်အထောက်အထားများကို မှန်ကန်စွာ ဖော်ထုတ်ပြီး ကမ္ဘာက သိရှိရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုအခါ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိကို စာအုပ်ထုတ်ဝေခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်းများကို အကောင် အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိသည် တပ်မတော်၏ သမိုင်း၊ နိုင်ငံသမိုင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။

မြန်မာသမိုင်းအဖွဲ့ဝင်တွေကတော့ တာဝန်ယူထားတဲ့ ခေတ်အပိုင်းအခြား အလိုက် လုပ်ငန်းဆောင်ရွက်ချက်တွေကို အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က တစ်ဆက်တစ်စပ်တည်းသော မြန်မာနိုင်ငံသမိုင်းကို ရေးသားရာမှာ နိုင်ငံရေးကဏ္ဍအပြင် လူမှုရေး၊ စီးပွားရေး ကဏ္ဍတွေကိုပါ ဆက်လက်တိုးချဲ့ရေးသားဖို့ တိုက်တွန်းပြောသွားပါတယ်။

အစည်းအဝေးမှာ မြန်မာသမိုင်းအဖွဲ့ဝင်တွေနဲ့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ဒုညွန်ကြားရေးမှူးချုပ်၊ မြန်မာသမိုင်းအဖွဲ့ဝင်တွေ အပါအဝင် ၂၀ ကျော်လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။  

ဓာတ်ပုံ- MORAC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013