DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်မြန်မာသံရုံးတွင် ဗုံးနှင့်တူသည့် အရာဝတ္ထုတွေ့ရှိ
DVB
·
December 4, 2017
ဘန်ကောက်မြန်မာသံရုံးတွင် ဗုံးနှင့်တူသည့် အရာဝတ္ထုတွေ့ရှိ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးမှာ ဒီကနေ့မနက်က ဗုံးနဲ့တူတဲ့ အရာဝတ္ထုတွေ့ရှိတယ်လို့ INN ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီကနေ့မနက်က ဘန်ကောက်ခရိုင် ဘန်ရတ်မြို့နယ် ယာနာဝါနယ်မြေ ပန့်လမ်းရှိ  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး နိုင်ငံသားစိစစ်ရေးဌာနမှာ ဗုံးနဲ့တူတဲ့ အရာဝတ္ထုတွ့ရှိကြောင်း မြန်မာသံရုံးတာဝန်ရှိသူတွေက အကြောင်းကြားလာတဲ့အတွက် မိုင်းရှင်းလင်းရေး တာဝန်ရှိသူတွေနဲ့အတူ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ယာနာဝါနယ်မြေရဲ စခန်းတာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရောက်သွားတဲ့အခါမှာ  မြန်မာသံရုံးတာဝန်ရှိသူတွေက ပလတ်စတစ် အိတ်အနီရောင်ထဲ ထည့်ထားတဲ့ မသင်္ကာဘွယ် အထုတ်တထုတ် ရုံးခန်းအပြင်မှာ တွေ့ရကြောင်း၊ သူတို့ဟာ အနီးနားဝန်းကျင်တ၀ိုက်ကို မော်တော်ကားတာယာ အဟောင်းတွေနဲ့ ကာဆီးလိုက်ပြီး အဆိုပါအထုတ်ကို စစ်ဆေးကြည့်ရှုရာ အတွင်းမှာ ချိန်ကိုက်နာရီတလုံး၊ တီဘီစီပိုက်လုံးတခု၊ ၀ါယာကြိုးတချောင်း၊ စကော့ထိပ်အနက်ရောင်နဲ့ စည်းနှောင်ထားတဲ့ အထုတ်တထုတ်တွေ့ကြောင်း၊ အနက်ရောင်ထုတ်ထဲမှာတော့ ပေါက်ကွဲစေနိုင်တဲ့ ယမ်းတွေ ထည့်ထားတာတော့ မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဗုံးနဲ့တူအောင်ပြုလုပ်တာဟာ မသမာသူတွေက အခြေအနေငြိမ်သက်မှုမရှိအောင် ဆောင်ရွက်လိုတဲ့ ရည်ရွယ်ချက်နဲ့ လာထားဟန်တူကြောင်း၊ ဒါကြောင့် အထုတ်လာထားတဲ့သူကို ဖမ်းဆီးအရေးယူနိုင်ဖို့ အထုတ်က လက်ဗွေရာတွေနဲ့ စီစီကင်မရာတွေ ပြန်လည်စစ်ဆေးနေတယ်လို့  ယာနာဝါရဲစခန်းက ပြောသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံရုံးကိုရော အလုပ်သမားသံအရာရှိတွေဆီပါ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013