DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်သည့် လှုပ်ရှားမှု မြိတ်တွင် ကျင်းပ
DVB
·
December 4, 2017
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်သည့် လှုပ်ရှားမှု မြိတ်တွင် ကျင်းပ
Donate to DVB

အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှု ဆန့်ကျင်သည့် ၁၆ ရက်တာ လှုပ်ရှားမှု မြိတ်မြို့မှာ ဒီဇင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မြိတ်မြို့၊ ပုလဲရတနာခန်းမမှာ ပြုလုပ်တဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှု ဆန့်ကျင်လှုပ်ရှားမှု အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် တရားဥပဒေပိုင်းက ပညာရှင်တွေ၊ ကျောင်းသူ ကျောင်းသားတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီးသမဂ္ဂမှ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေက အသိပညာပေး ဟောပြောခဲ့သလို အပြန်အလှန် မေးခွန်းတွေကို မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“ကျမတို့အနေနဲ့ ၂၀၁၃ ခုနှစ်မှာ ထားဝယ်မှာ စတင်ဆောင်ရွက်ပေးတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ပြစ်မှုတွေက ပိုမိုအဖြစ်များလာတယ်။ အခု မြိတ်မှာ လုပ်ပေးဖို့ လိုအပ်လာတဲ့အတွက် လာရောက်ဆောင်ရွက်ပေးတာပါ။ တရားဥပဒေအရ အရေးယူပေးတာ ရှိပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ယာယီတည်းခိုခွင့်ပေးတာ ရှိပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးတာ၊ တရားရုံးကို သွားတဲ့အခါမှာ လိုအပ်တဲ့ အကူအညီပေးတာတွေ လုပ်ဆောင်ပေးပါတယ်။ ၂၀၁၆ ခုနှစ်မှာ Save House ကို ထားဝယ်မှာ ဆောင်ရွက်ပေးခဲ့တယ်။ မြိတ်မှာလည်း လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ ကလေးသူငယ် မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သေဒဏ်ပေးဖို့ တောင်းဆိုနေပါတယ်။ အသက် ၂ နှစ်အရွယ် ကလေးကနေအစ အကြမ်းဖက်ခံနေရတယ်။ ကျမတို့အနေနဲ့ ဖြစ်စဉ်ကို သွားရောက် ဖော်ထုတ်တာတွေ လုပ်ရင် မိဘဆွေမျိုးတွေနဲ့လည်း ပြောဆိုဆွေးနွေးရတာ ရှိပါတယ်”လို့ ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး မမာလာက ပြောပါတယ်။

၁၆ ရက်တာ လှုပ်ရှားမှုမှာ မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံးမှာ စတင်လှုပ်ရှားနေပြီး ဆန့်ကျင်လှုပ်ရှားခြင်း၊ ကြိုတင်ကာကွယ်ခြင်းတွေကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို အကြမ်းဖက် လှုပ်ရှားမှု တနိုင်ငံလုံးမှာသာမက နိုင်ငံတကာမှာလည်း ဆောင်ရွက်နေပါတယ်။ အချက်အလက်တွေ၊ ဒေတာတွေ ပုံမှန်ကောက်ပြီး မှတ်တမ်းတင်ထားတယ်။ စာအုပ်တွေ ထုတ်တယ်၊ ရပ်တည်ချက်၊ မူဝါဒတွေ ထုတ်ပြန်တာတွေ ရှိတယ်။ နှုတ်အားဖြင့် လူတယောက်ကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာတွေလည်း အကြမ်းဖက်မှုပါပဲ။ ကျမတို့အနေနဲ့ ဆန့်ကျင်တယ်။ ပပျောက်အောင် လုပ်ဆောင်တယ်။ ကြိုတင်ကာကွယ်မှု လုပ်တယ်။ တုံ့ပြန်မှုအပိုင်းအတွက် သတင်းအချက်အလက်တွေ ကောက်ယူပြီး အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ပပျောက်အောင် စည်းရုံးလှုံ့ဆော်မှုတွေ ဆောင်ရွက်ပါတယ်”လို့ မြန်မာနိုင်ငံ အမျိုးသမီးသမဂ္ဂ မူဝါဒညွန်ကြားရေးဦးဆောင်အဖွဲ့ဝင် နန်းမို့မို့က ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲမှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ဖြစ်ပွားမှုနှုန်း မြင့်မားလာနေသလို အဖေရင်းက သမီးအရင်းကို မုဒိမ်းကျင့် အကြမ်းဖက်မှုတွေ အပါအဝင် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တွေအထိ အကြမ်းဖက်ခံရမှုတွေ ရှိနေပြီး တိုင်းဒေသကြီးထဲမှာ မြိတ်ခရိုင်က ဖြစ်ပွားမှု အမြင့်မားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013