DVB Logo
Home
မြန်မာသတင်း
မြန်မာ တင်ပို့မည့် ကျွဲနွားအားလုံး တရုတ် လက်ခံမည့်အနေအထားရှိဟု စီးပွားကူးသန်းပြော
DVB
·
December 3, 2017
မြန်မာ တင်ပို့မည့် ကျွဲနွားအားလုံး တရုတ် လက်ခံမည့်အနေအထားရှိဟု စီးပွားကူးသန်းပြော
Donate to DVB

 

မြန်မာက တင်ပို့သလောက် ကျွဲ၊ နွားတွေကိုအားလုံးကို တရုတ်က လက်ခံမယ့် အနေအထား ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

“သူတို့ဘက်ကတော့ စံမီတဲ့ဟာဆို ဒီဘက်က တင်ပို့သလောက် လက်ခံမယ့် အနေအထားရှိပါတယ်။ ထိုင်းဘက်ကတော့ ညှိထားတာ မရှိသေးဘူး” လို့ ပြောပါတယ်။

ဒါပေမယ့် တရားမဝင်တင်ပို့နေတဲ့ အရေအတွက်ကတော့ မဲဆောက်ဘက်စာရင်းတွေအရ တနှစ်ကို ကောင်ရေ သောင်းချီ ရှိနေတယ်လို့ သူက ပြောပါတယ်။

ပြည်ပပို့မယ့် ကျွဲ၊ နွားတွေကို ကျန်းမာရေး စောင့်ကြည့် စစ်ဆေးမယ့် Animal Quarantine Station (တိရစ္ဆာန်ထိန်းသိမ်း စောင့်ကြည့် စစ်ဆေးရေး စခန်း) တွေကို မူဆယ်၊ မြဝတီနဲ့ သီလဝါဆိပ်ကမ်းမှာ တည်ဆောက်ဖို့ ဆောင်ရွက်နေပြီး တရုတ်ဘက်ကလည်း ကျန်းမာရေးကို စစ်ဆေးဦးမှာ ဖြစ်ပါတယ်။

ပြည်ပကို ကျွဲ၊ နွား အရှင်တွေ တရားဝင် တင်ပို့ခွင့်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက စီးပွား ကူးသန်း ဝန်ကြီးက ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီလို တင်ပို့ခွင့်ရဖို့အတွက် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ ဝယ်ယူစုဆောင်းခွင့်နဲ့ ကျန်းမာရေး ထောက်ခံချက်ရပြီးမှ စီးပွားကူးသန်း ဝန်ကြီးဌာနမှာ ပို့ကုန်လိုင်စင် လျှောက်ထားရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိမှာတော့ ပို့ကုန်လိုင်စင်လျှောက်တာ မရှိသေးဘူးလို့ ဦးခင်မောင်လွင်က ပြောပါတယ်။

မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ကုမ္ပဏီပေါင်း ၁၇ ခုက ကျွဲ၊ နွား ကောင်ရေ ၇ ထောင်လောက် တင်ပို့ဖို့ စုဆောင်းထားတယ်လို့ သိရပြီး အဲဒီကုမ္ပဏီတွေကိုတော့ ဆက်သွယ်မရခဲ့ပါဘူး။

လက်ရှိမှာ ကျွဲနဲ့ နွားကို တရားဝင် တင်ပို့ခွင့်ပြုထားတာ ဖြစ်ပြီး ကုန်သည်တွေအနေနဲ့ ချိတ်ဆက်လို့ ရရင် ဆိတ်ကိုလည်း ခွင့်ပြုပေးဖို့ ရှိတယ်လို့ ဦးခင်မောင်လွင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013