DVB Logo
Home
မြန်မာသတင်း
ဒီရေတောပွဲတော် မြိတ်ကျွန်းစုတွင် ကျင်းပ
DVB
·
December 3, 2017
ဒီရေတောပွဲတော် မြိတ်ကျွန်းစုတွင် ကျင်းပ
1 / 4
Donate to DVB

 

ဒီရေတောရဲ့ တန်ဖိုးကို သိရှိကာ ထိန်းသိမ်းတတ်အောင်ရည်ရွယ်ပြီး ဒီရေတောပွဲတော်ကို မြိတ်ကျွန်းစုအတွင်းရှိ စခန်းသစ်ကျေးရွာမှာ ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ ဒီရေတောပွဲတော် စခန်းသစ်ကျေးရွာမှာ ကျင်းပြုလုပ်ခဲ့ပြီး နောက်နှစ်တွေမှာ ကျေးရွာတချို့မှာ အလှည့်ကျ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီရေတောတွေရဲ့ တန်ဖိုးကိုဒေသခံတွေ သိရှိနားလည်ပြီး ကိုယ်တိုင်ကိုယ်ကျထိန်းသိမ်း တတ်အောင် အသိပညာပေးဟောပြောတာ၊ နံရံကပ်ပိုစတာတွေ ပြသတာတွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီရေတောတွေကို ထိန်းသိမ်းဆောင်ရွက်နေတဲ့ ပညာရှင်တဦးဖြစ်သူ Dr.Christoph Zockler က “စခန်းသစ်ကျေးရွာက အရှေ့အနောက်တောင်မြောက်မှာ ဒီရေတောတွေ ရှိနေတယ်။ သစ်ခုတ်တဲ့ ပြဿနာတွေလည်း အများကြီးတွေ့နေရတယ်။ ကွင်းဆက်လေ့လာချက် အရ ကျနော်တို့ အနေနဲ့ စခန်းသစ်ကျေးရွာဟာ ပတ်ဝန်းကျင်းထိန်းသိမ်းရေး လုပ်ဆောင်ဖို့ ပူးပါင်း ပါဝင်တာ တွေ့ရတယ်။ ဒါကြောင့် ဒီရေတောပွဲတော်ကို ကျင်းပရတာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီရေတောပွဲတော်ကို မြိတ်ကျွန်းစုအတွင်းရှိ စခန်းသစ်ကျေးရွာအပြင် အနီးနားရွာတွေက ဒေသခံတွေ၊ ဒီရေတောထိန်းသိမ်းဖို့ စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ပါတယ်။

“ပထမအကြိမ် ဒီရေတောပွဲတော်ကို မြိတ်မှာလုပ်ခဲ့ပြီးပြီ၊ နောက်ပိုင်းမှာလည်း ဒီရေတောတွေရှိတဲ့ ကျေးရွာတွေမှာ အလှည့်ကျလုပ်ဆောင်သွားပါ့မယ်။ ဒေသခံတွေရဲ့ စိတ်ဝင်စားမှု၊ သူတို့တွေရဲ့ ကျေးရွာတွေမှာ လက်ခံကျင်းပချင်တဲ့ ဆန္ဒကလည်း အများကြီး အကျုံးဝင်မှာပါ။ ဒီရေတောပွဲတော်တွေ ကျင်းပပေးတာကြောင့် ဒေသခံတွေဆီမှာလည်း အသိပညာတွေ ရသွားမယ်။ ပထမအကြိမ် မြိတ်မှာလုပ်တုန်းကတော့ ထဲထဲဝင်ဝင် ဆွေးနွေး ခဲ့တာ မရှိခဲ့ဘူး။ ကျေးရွာမှာ လုပ်တဲ့အတွက် ထိတွေ့မှုရှိတဲ့သူတွေ၊ တကယ်ထိန်းသိမ်းနေတဲ့ သူတွေနဲ့ တွေ့ဆုံရတာဖြစ်တဲ့အတွက် ပိုမိုထိရောက်တယ်လို့ ယူဆပါတယ်” လို့ Dr.Christoph Zockler က ဆက်လက်ပြောကြားပါတယ်။

ဒီရေတောတွေမှာ ကမ္ဘာ့ရာသီဥတုကို ထိန်းသိမ်းရာမှာ များစွာ အရေးပါနေပြီး မြန်မာနိုင်ငံမှာ ဒီရေတောတွေ တဖြည်းဖြည်းရှားပါးလာတာနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

မြိတ်တက္ကသိုလ်အဏ္ဏ၀ါသိပ္ပံဌာနမှူး ဒေါက်တာနန်းမြဟန်က “၂၀၁၀ ဒေတာအရဆိုရင် ရခိုင်ဆိုရင် ၁၇ ရာခိုင်နှုန်း၊ ဧရာဝတီဆိုရင် ၄၆ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဆိုရင် ၃၇ ရာခိုင်နှုန်းကျန်တယ်။ နောက်ပိုင်းမှာ တနင်္သာရီတိုင်းက ဒေတာ အရမ်းကို တက်လာတယ်။ ၆ လအတွင်းမှာ ကိန်းဂဏန်း အတိအကျရမှာပါ” လို့ ပြောပါတယ်။

မြိတ်ကျွန်းစုအတွင်း ဒီရေတောတွေကို ထိန်းသိမ်းနေပေမယ့်လည်း ဒီရေတောတွေကို ခုတ်လှဲကာ မီးသွေးဖုတ်နေတဲ့ လုပ်ငန်းအများအပြားမှာ တောထဲမှာ ရှိနေသေးကြောင်း ဒေါက်တာနန်းမြဟန်က ထောက်ပြပြောကြားခဲ့ပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013