DVB Logo
Home
မြန်မာသတင်း
တရက်လုပ်အားခ ၅၆၀၀ ကျပ်ရရှိရေး ရန်ကုန်နှင့် မန္တလေးတွင် အလုပ်သမားများ ဆန္ဒပြ
DVB
·
December 3, 2017
တရက်လုပ်အားခ ၅၆၀၀ ကျပ်ရရှိရေး ရန်ကုန်နှင့် မန္တလေးတွင် အလုပ်သမားများ ဆန္ဒပြ
1 / 9
Donate to DVB

 

အနည်းဆုံးအခကြေးငွေ တရက် ၅၆၀၀ ကျပ်ရရှိဖို့ ရန်ကုန်နဲ့ မန္တလေးတို့မှာ အလုပ်သမားတွေ ဒီနေ့ ဆန္ဒပြနေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ အလုပ်သမားထောင်နဲ့ချီပြီး ဒီနေ့ မနက်ပိုင်းက ဆန္ဒပြနေပြီး ဒီဆန္ဒပြပွဲကို အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ အလုပ်သမား ၅၀၀၀ ပါဝင်ဆန္ဒပြဖို့ ခွင့်ပြုမိန့်တင်ထားတာပါ။

လက်ရှိအနည်းဆုံးအခကြေးငွေ တရက်ကို ၃၆၀၀ ပေးဖို့ အစိုးရက သတ်မှတ်ထားပေမယ့် အလုပ်ရှင်တွေက ငွေကျပ် ၂၇၀၀ သာစပေးခဲ့ပြီး ၃၆၀၀ က အများဆုံးအဖြစ်ပေးနေကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာနဲ့အမျှ လက်ရှိ ၃၆၀၀ ကျပ်ဟာ မလောက်ငတော့တဲ့အတွက် ဆန္ဒပြတာလို့ အလုပ်သမားခေါင်းဆောင်တွေကပြောပါတယ်။

ဒါ့အပြင် အနည်းဆုံးအခကြေးငွေကို ၂ နှစ်တကြိမ် ပြင်ဆင်သတ်မှတ်ရမှာဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်မှသာ အစိုးရက ပြင်ဆင်သတ်မှတ်ဖို့ရှိနေတဲ့အပေါ် အမြန်ဆုံးပြင်ဆင် သတ်မှတ်ပေးဖို့နဲ့ ကုန်ဈေးနှုန်းမတက်အောင် ဆောင်ရွက်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

ဆန္ဒပြပွဲကို လှိုင်သာယာမီးခွက်ဈေးရဲ့ အောက်ထိပ်မှတ်တိုင်ကနေ တပင်ရွှေထီး လမ်းတလျှောက် လမ်းလျှောက်ဆန္ဒပြခဲ့ပြီး လှိုင်သာယာရုံးရှေ့အထိ ဆန္ဒပြမှာပါ။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာလည်း တရက်လုပ်အားခ ၅၆၀၀ ရရှိရေး အလုပ်သမား ၆၀၀ ကျော် လမ်းလျှောက်ချီတက် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြသူတွေက တရက်လုပ်ခလစာ ၅၆၀၀ ကျပ် အထက် ရရှိရေး၊ အနည်းဆုံး အခကြေးငွေ ၂ နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရေး လွှတ်တော်တင်ပြမယ့်အကြံ လက်မခံကြောင်း အချက် သုံးချက်ကို တောင်းဆိုခဲ့ကြပါတယ်။

သတင်း - အောင်အောင်နိုင်၊ စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
တရက်လုပ်အားခ ၅၆၀၀ ကျပ်ရရှိရေး ရန်ကုန်နှင့် မန္တလေးတွင် အလုပ်သမားများ ဆန္ဒပြ