DVB Logo
Home
မြန်မာသတင်း
1st Mandalay Bike Week 2017 အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ
DVB
·
December 3, 2017
1st Mandalay Bike Week 2017 အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ
1 / 8
Donate to DVB

 

1st Mandalay Bike Week 2017 အခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီက မန္တလေးမြို့ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံ မြို့ပေါင်း ၇၀ ၀န်းကျင်က ဆိုင်ကယ်အဖွဲ့အစည်းတွေနဲ့ ဆိုင်ကယ်ချစ်မြတ်နိုးသူတွေ ဆိုင်ကယ်အစီး ၁၀၀၀ ကျော်နှင့် ဆိုင်ကယ်အမျိုးအစား ၁၀၀ ကျော် မန္တလေးမြို့ကို လာရောက်ပြီး တွေ့ဆုံဆွေးနွေးရင်းနှီးမှုတွေရရှိအောင် ပြုလုပ်ခဲ့ပါတယ်။

ဆိုင်ကယ်အဖွဲ့အစည်းတွေဟာ မိဘမဲ့ကလေးကျောင်းတွေနှင့် ဆင်းရဲနွမ်းပါးချို့တဲ့နေတဲ့ သူတွေကို ပရဟိတဖွဲ့ပြီး လှူဒါန်းထောက်ပံ့မှုတွေ အကြိမ် ၃၀ ရှိသွားပြီးလို့လည်း သိရပါတယ်။

အဲဒီအခမ်းအနားက ရရှိလာတဲ့လှူဒါန်းငွေတွေကိုလည်း မိဘမဲ့ကလေးတွေနှင့် ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ဆိုင်ကယ်ပရဟိတအဖွဲ့အစည်းတွေက ဆက်လက်ပြီး လှူဒါန်းထောက်ပံ့မှုတွေကို ဆောင်ရွက်ပြုလုပ်သွားမယ်လို့ ပွဲအစီစဉ်သူ ဦးထွန်းထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013