DVB Logo
Home
မြန်မာသတင်း
တကောင်းနီကယ်စက်ရုံဝန်ထမ်းများ တရက်လုပ်အားခ ၅၆၀၀ သတ်မှတ်ပေးရေး ဆန္ဒပြ
DVB
·
December 3, 2017
တကောင်းနီကယ်စက်ရုံဝန်ထမ်းများ တရက်လုပ်အားခ ၅၆၀၀ သတ်မှတ်ပေးရေး ဆန္ဒပြ
1 / 6
Donate to DVB

 

စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် တကောင်းနီကယ်စီမံကိန်း မြန်မာဝန်ထမ်း ၅၀ လောက်က အနည်းဆုံးအခကြေးငွေ တရက်ကို ၅၆၀၀ ကျပ် အမြန်ဆုံး သတ်မှတ်ပေးရေး ဒီနေ့မနက် ၉ နာရီက ဆန္ဒပြခဲ့တယ်လို့ ဦးဆောင်သူ ကိုထွန်းထွန်းဝင်းက ပြောပါတယ်။

“အနည်းဆုံးလုပ်ခလစာကို ၅၆၀၀ ထက်မနည်း လုပ်ခလစာရရှိရန် ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်တာပါ။ ကျနော်တို့ အလုပ်သမားတွေရဲ့ တနေ့လုပ်ခ ၃၆၀၀ ဆိုတာ မလောက်ငပါ ဘူး။ အနည်းဆုံးလုပ်ခလစာ အမှန်တကယ်သတ်မှတ်ရမှာက ၂ နှစ်တကြိမ် သတ်မှတ်ရမှာ။ အနည်းဆုံးလုပ်ခလစာကို ၅၆၀၀ သတ်မှတ်တာတောင်မှ နိုင်ငံတော်အဆင့်မှာ လုပ်ငန်း အမျိုးအစားမခွဲထားဘူး။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုပြီးတော့ ထွက်လိုက်တယ်။ အနည်းဆုံး လုပ်ခလစာ သတ်မှတ်တဲ့ အချိန်မှာလည်း အထည်ချုပ်ကစပြီး သတ္တူတွင်း၊ ရွှေတူးဖော် ကျောက်စိမ်းတွင်းက လုပ်သားတွေအထိအကုန်လုံးက တပြေးညီ သတ်မှတ် လိုက်တာ ဒီသတ်မှတ်လိုက်တဲ့ အနေအထားက အလုပ်သမားတွေအနေနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ၃၆၀၀ တုန်းကလည်း အဆင်မပြေခဲ့ဘူး။ အလုပ်သမားများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ ဖွဲ့ပြီးတော့ ရန်ကုန် မန္တလေးကအစ တနိုင်ငံလုံးအနေအထားနဲ့ တချိန်တည်း တပြိုင်တည်း ဆန္ဒထုတ်ဖော်တာပါ” လို့ပြောပါတယ်။

ထီးချိုင့်တကောင်းနီကယ်စီမံကိန်း မြန်မာဝန်ထမ်း ၅၀ လောက်က အနည်းဆုံး အခကြေးငွေ တရက် ၅၆၀၀ ထက်မနည်း ရရှိရေး၊ မြန်မာနိုင်ငံအလုပ်သမားထု သွေးစည်းညီညွှတ်ရေး၊ အနည်းဆုံး အခကြေးငွေ ဥပဒေပုဒ်မ ၅(ဇ) အနည်းဆုံးအခကြေးငွေကို  ၂ နှစ်လျှင် အနည်းဆုံးတကြိမ် ပြင်ဆင်သတ်မှတ်ရေး၊ အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၁၀(ခ)အရ အဆိုပြု အနည်းဆုံး အခကြေးငွေနှုန်းထားအပေါ် ကန့်ကွက်ချက် မရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ရယူပြီးသတ်မှတ်ရေး၊ အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၁၉ အရ အလုပ်သမား ၅ ယောက်နဲ့ အထက်လုပ်ကိုင်ရတဲ့ လုပ်ငန်းအမျိုးအစားတွေကို နိုင်ငံတ၀န်းလုံးတွင်သတ်မှတ်ရေး စတဲ့ ဗွီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး နီကယ်ကွန်ကရစ်လမ်းဆုံမှ နီကယ်စက်ရုံအထိ ဆန္ဒပြခဲ့ကြပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013