DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် နှစ်ဝက်အတွင်း HIV/AIDS ကူးစက်ခံရသူ ၇ သောင်းခန့်ရှိလာ
DVB
·
December 3, 2017
တရုတ်တွင် နှစ်ဝက်အတွင်း HIV/AIDS ကူးစက်ခံရသူ ၇ သောင်းခန့်ရှိလာ
Donate to DVB

တရုတ်နိုင်ငံမှာ ၂၀၁၇ ပထမ နှစ်ဝက်အတွင်း HIV/AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါအသစ် ကူးစက်ခံရသူ ဦးရေ ၇ သောင်းနီးပါး ရှိလာတယ်လို့ တရုတ်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC က ထုတ်ပြန်ပါတယ်။

“အနှစ် ၃၀ မြောက် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ ဒီဇင်ဘာ ၁ ရက်နေ့ထိ တရုတ်နိုင်ငံမှာ HIV/ AIDS နဲ့ နေထိုင်သူ အယောက် ၇ သိန်း ၁ သောင်း ကျော်နေပါပြီ။ HIV/ AIDS နဲ့ နေထိုင်သူ အယောက် ၂ သိန်းကနေ ၄ သိန်းလောက်ဟာ ကူးစက်ခံထားရမှန်း မသိကြဘူး” လို့ CDC ရဲ့ ကူးစက်ရောဂါဌာန ပညာရှင် ဝူကျွန်းယုံက ပြောပါတယ်။

ဒါကြောင့် ကာကွယ်ရေးအတွက် လူတွေကို HIV ရှိမရှိ စမ်းသပ်ဖို့က အဓိက အချက်ဖြစ်မယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အေအိုင်ဒီအက်စ် ကူးသက်မှုနှုန်း တည်ငြိမ်အောင် ထိန်းထားပြီး တနိုင်ငံလုံးအဆင့် ပျံ့နှံ့နှုန်းက ၀.၀၅ ရာခိုင်နှုန်း ရှိနေပါတယ်။

ကူးစက်မှု စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ကာမဆက်ဆံမှုကတဆင့် ကူးစက်တာပါ။ ကူးစက်နှုန်းက မနှစ်ကနဲ့စာရင် ဒီနှစ်မှာ နည်းနည်း တိုးလာတယ်။ ဒါဟာ ပိုးရှိမရှိ စမ်းသပ်မှု တိုးချဲ့ခဲ့တဲ့အတွက် ပိုသိလာရတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013