Home
သတင်းဓာတ်ပုံ
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ
DVB
·
December 3, 2017
24301125_1161598890640992_5623028202451630205_n
24232847_1161598817307666_1250133204450258950_n
24231781_1161598740641007_8043279106172200746_n
24131496_1161598727307675_1335115762982206855_n
  တရုတ်ပြည်ကို အလုပ်သဘော ချစ်ကြည်ရေးခရီးသွားနေတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညနေပိုင်းက နေပြည်တော်ကို ပြန်ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁ ရက်နေ့က တရုတ် သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး  နှစ်နိုင်ငံအကြားဖြစ်ထွန်းပြီးတဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အခြေခံပြီး ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တာတွေကို အရှိန်အဟုန်မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး စတာတွေအပြင် နှစ်နိုင်ငံ အကြား အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးတွေအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြ ပါတယ်။ ဒီလို တွေ့ဆုံရာမှာ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးမင်းသူတို့လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့ဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့  ပြည်ပနိုင်ငံရေးပါတီ တွေရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ ဆွေးနွေးပွဲကို တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တရုတ် အစိုးရရဲ့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024