DVB Logo
Home
မြန်မာသတင်း
ကပ္ပလီပင်လယ်ပြင်တွင် လာမည့် ၃၆ နာရီတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်
DVB
·
December 3, 2017
ကပ္ပလီပင်လယ်ပြင်တွင် လာမည့် ၃၆ နာရီတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်
Donate to DVB

ကပ္ပလီပင်လယ်ပြင်မှာ လာမယ့် ၃၆ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အဲဒီမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး ပိုအားကောင်းလာနိုင်တာလို့ ဆိုပါတယ်။

မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ အရှေ့ဘက်က လေပြင်းတွေ တိုက်လို့ လှိုင်းကြီးနိုင်ပြီး ၁ နာရီကို  ၃၅ မိုင်နှုန်းလောက်အထိ လေတိုက်နိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဲဒီ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းတွေဟာ ၈ ပေလောက်အထိ မြင့်နိုင်တယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ တနင်္သာရီတိုင်းမှာ မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာမယ်လို့ ခန်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013