DVB Logo
Home
မြန်မာသတင်း
ဂျပန်တရားရုံးက အမေရိကန်စစ်စခန်းမှ လုပ်သားတဦးကို ထောင်ဒဏ်တသက်တကျွန်းချမှတ်
DVB
·
December 2, 2017
ဂျပန်တရားရုံးက အမေရိကန်စစ်စခန်းမှ လုပ်သားတဦးကို ထောင်ဒဏ်တသက်တကျွန်းချမှတ်
Donate to DVB

ဂျပန် တရားရုံးက အမေရိကန် စစ်တပ် အခြေစိုက်စခန်းက လုပ်သားတယောက်ကို အဓမ္မပြုကျင့်မှု၊ လူသတ်မှုတွေနဲ့ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်စီရင်လိုက်ပါတယ်။

ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါ ကျွန်းပေါ်မှာ ကျူးလွန်ခဲ့တဲ့ အမှုအတွက် စီရင်တာလို့ ဂျပန်ရုပ်သံ NHK က အစီရင်ခံပါတယ်။

အသက် ၃၃ နှစ် အရွယ် ကဲနက် ဖရင်ကလင် ရှင်ဇာတိုက အသက် ၂၀ အရွယ် ရီနာ ရှိမဘုခုရိုကို မနှစ်က ဧပြီမှာ သတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း နဟာခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

တရားရုံး ပြောခွင့်ရကတော့ ဆုံးဖြတ်ချက်ကို ချက်ချင်းအတည်မပြုနိုင်သေးဘူးလို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒီအမှုကြောင့် ကျွန်းပေါ်က ဒေသခံတွေ ဒေါသထွက်ခဲ့တာပါ။ အိုကီနာဝါကျွန်းပေါ်မှာ အမေရိကန်နိုင်ငံသား အယောက် ငါးသောင်းလောက် လက်ခံထားပါတယ်။

ဒါဟာ ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးလို့ ပြောရင်း ဒေသခံတွေက အမေရိကန် စစ်စခန်း တည်ရှိမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၉ ရက်ကလည်း ဒေသခံ တယောက် မောင်းလာတဲ့ ကားဟာ  အမေရိကန် ကမ်းတက် စစ်သည် မောင်းလာတဲ့ ကားနဲ့တိုက်မိလို့ ဒေသခံ အမျိုးသား သေဆုံးခဲ့ပါတယ်။

အမေရိကန် စစ်သည်က ကားတိုက်မှု ဖြစ်ချိန်မှာ အရက်မူးနေတယ်လို့ သံသယရှိတာကြောင့် ဂျပန် နိုင်ငံအတွင်း စစ်စခန်း အတွင်းရော အပြင်မှာပါ အမေရိကန် စစ်သည်တွေ အရက်သောက်မှု တားမြစ်ပိတ်ပင်ထားဖို့ အမေရိကန် စစ်တပ်က သတ်မှတ် ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013