DVB Logo
Home
မြန်မာသတင်း
မာလကာသီး ဈေးကောင်း၍ တိုက်ကြီးမြို့တွင် စိုက်ပျိုးသူ များလာ
DVB
·
December 2, 2017
မာလကာသီး ဈေးကောင်း၍ တိုက်ကြီးမြို့တွင် စိုက်ပျိုးသူ များလာ
Donate to DVB

တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွေမှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး သစ်သီးဈေးကွက်အတွင်း မာလာကာသီးဈေးကောင်းရပြီး ရောင်းအားကောင်းလာတာကြောင့်ာလာကာစိုက်ပျိုးသူဦးရေ တိုးလာတယ်လို့ တိုက်ကြီး စိုက်ပျိုးရေးတောင်သူတွေက ပြောပါတယ်။

“မနှစ်က ကျနော့်ခြံမှာ လာကာပျိုးပင် ၁ သောင်းကျော်ပျိုးတာ မလောက်လို့ တခြားခြံတွေကပါ လိုက်ဝယ်ပြီး ပေးရတယ်။ ဒီနှစ် ကျနော်  ၄ သောင်းပျိုးထား တယ်၊ ခု ၁ သောင်းကျော်ကုန်ပြီး မာလာကာသီးကဈေးကွက်မှာ အရမ်းရောင်းအား ကောင်းနေတော့ စိုက်ပျိုးတဲ့သူ များလာတယ်။ ကျနော်တို့ စိုက်ပျိုးတဲ့ မာလာကာက ပန်းသီးမျိုးရယ်၊ ဂေါ်ရခါးမျိုးလို့ ခေါ်တဲ့ အလုံးရှည်မျိုးရယ်နှစ်မျိုးရှိပြီး ပန်းသီးမျိုးက အသားမွတယ်။ အစေ့နည်းနည်းများတယ်။ စားလို့ ကောင်းတယ်။ အလုံးရှည်မျိုးက အသားထူတယ်။ အစေ့နည်းတယ်။ သူက ပန်းသီးမျိုးလောက်တော့ စားလို့သိပ်အဆင်မပြေဘူး။ တချို့ဆို မာလာကာကို ဧကတော်တော်များ စိုက်ပျိုးကျတယ်။ အခုဆို မာလာကာမျိုးကို ဇလွန်တို့ ထားဝယ်ဘက်တို့က အစ လာဝယ်ယူကြတယ်။ ၁ ဧကကို အပင် ၄၀၀ စိုက်ပျိုးရတယ်။ ၆ လဆို အသီးစသီးတော့ အချိန်မကြာဘူး။ ပျိုးပင်တပင်ကို ၅၀၀ ကနေ ၁၀၀၀ အထိ ရောင်းချရပါတယ်” လို့ မာလာကာစိုက်ပျိုးသူ ရောင်းချသူဦးတင်လှိုင်က ပြောပါတယ်။

ကိုယ်တိုင်စိုက်ပျိုးရောင်းချပြီး ဖောက်သည်လည်းပေးတဲ့ ကိုဇာနည်ထွန်းကတော့ “ကိုယ်တိုင်လည်းဆိုင်နဲ့ရောင်းတယ်။ ဖောက်သည်လည်းပေးတယ်။ မာလာကာသီးကို သုံးမျိုးခွဲပြီး အကြီးအသေးအလိုက် ရောင်းရတယ်။ မာလာကာသီး လှိုင်လှိုင်ပေါ်ချိန် ဖောက်သည်ပေးတဲ့ နေရာမှာ အလုံးအကြီးအသေးအလိုက် ၁၅၀ ကနေ ၃၀၀ အထိ ရတယ်။ ဆိုင်မှာရောင်းတာကတော့ အကြီးအသေးအလိုက် ၂၀၀ ကနေ ၅၀၀ အထိ ရောင်းရပါတယ်။ ပန်းသီးထက်စာရင် မာလာကာသီးကို လူတွေက ပိုစားလာကြတယ်။ မာလာကာသီးလှိုင်လှိုင်ပေါ်ချိန်ဆို တနေ့ကို ၁ သိန်းကနေ ၃ သိန်းအထိ ရောင်းရတယ်။ ရန်ကုန်ဘက်က ဖောက်သည်တွေဆို သူတို့ကိုယ်တိုင်ကားနဲ့ လာယူတာ။ ပြည်၊ မင်းလှ၊ လက်ပံတန်း အဲဒီဘက်ကလည်း ကိုယ်တိုင်ကားနဲ့ လာယူကြတယ်။ ကျနော်တို့မြို့မှာလည်း ရောင်းအားကောင်တဲ့အတွက် မာလာကာစိုက်ပျိုးသူက တစ်နှစ်ထက်တစ်နှစ် ပိုများလာကြပါတယ်” လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ်ဟာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်တဲ့ မြို့ဖြစ်ပြီး အခုနှစ်မှာတော့ မာလာကာသီးကို သစ်သီးဈေးကွက်မှာ ဈေးကောင်းရခြင်း၊ ဝယ်လိုအားများတဲ့အတွက် အရင်က စိုက်ပျိုးသူ အယောက် ၈၀ ရှိရာကနေ ဒီနှစ်မှာတော့ တပိုင်တနိုင် စိုက်ပျိုးသူနဲ့ စီးပွားဖြစ်စိုက်ပျိုးသူဦးရေ ၁၂၀ ကျော်အထိ ရှိလာပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013