DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီဝန်ထမ်း ၂ ဦးအား ယုံကြည်အပ်နှံ ဖောက်ဖျက်မှုဖြင့် ဖမ်းဆီး
DVB
·
December 2, 2017
ကုမ္ပဏီဝန်ထမ်း ၂ ဦးအား ယုံကြည်အပ်နှံ ဖောက်ဖျက်မှုဖြင့် ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ရွှေတံခါးရွာမှာ ဓာတ်မြေသြဇာဖိုးငွေ ကောက်ခံဖို့ တာဝန်မပေးတဲ့နယ်မြေမှာ ငွေကောက်ခံလို့ ကုမ္ပဏီ ၀န်ထမ်းနှစ်ဦးကို ယုံကြည်အပ်နှံဖောက်ဖျက်မှုနဲ့ ဒီဇင်ဘာ ၁ ရက်ညနေက အမှုဖွင့်ဖမ်းဆီးလိုက်ပါတယ်။

ဖြစ်စဉ်မှာ ရွှေတံခါးရွာ ရွာခွဲတာဝန်ခံ ဦးပေါ်ထူးမှ ရာဇတံခွန် ကုမ္ပဏီဝန်ထမ်း ဆန်လင်းအောင်နဲ့ သီဟဗလတို့ ကုမ္ပဏီကရောင်းတဲ့ ကမ္ဘာကျော်ဓာတ်မြေသြဇာဖိုး လာကောက်နေတယ်လို့ မလှိုင်မြို့နယ်ရုံးခွဲ ဦးကိုကိုဇော်အား ဖုန်းဆက်ပြောတယ်။ မန်နေဂျာ ဦးကိုကိုဇော်က ရုံးချုပ်ကို ဖုန်ဆက်မေးမြန်းတော့ သူတို့ ၂ ဦးဟာ မုံရွာမြို့နယ်အတွင်းမှာ ငွေကောက်ဖို့ တာဝန်ပေးထားသူတွေ ဖြစ်တယ်ဆိုတာ သိရလို့ တာဝန်မပေးတဲ့ နယ်မြေကို ငွေလာကောက်တာမို့ ဦးကိုကိုဇော်က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာလို့ နှောကန်ရွာရဲစခန်းမှ စခန်မှူး ရဲအုပ်အေးမင်းထွန်းက ပြောပါတယ်။

"ဦးကိုကိုဇော်က တိုင်ချက်ပေး တရားလိုလုပ် အမှုဖွင့်တယ်။ ဒီပုဒ်မက အာမခံပေးမရပါဘူး။ အဲဒီကုမ္ပဏီဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထားရတယ်" လို့ ပြောပါတယ်။

မလှိုင်မြို့နယ် နှောကန်ရွာရဲစခန်းက စီမံခန့်ခွဲပိုင်ခွင့်အပ်နှံထားခြင်းအား ရာဇဝတ် မကင်းသည့် ယုံကြည်အပ်နှံဖောက်ဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၄၀၈ နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ ဒီပုဒ်မဟာ  ၇ နှစ်ထိနဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013