DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ရွှေတူးဖော်သည့် စက်ပစ္စည်းများ ပိုင်ရှင်မဲ့ ဖမ်းမိ
DVB
·
December 2, 2017
တရားမ၀င်ရွှေတူးဖော်သည့် စက်ပစ္စည်းများ ပိုင်ရှင်မဲ့ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ် တာလကျေးရွာအနီးက နမ့်လုံရေချောင်းအတွင်းမှာ တရားမ၀င် ရွှေတူးဖော်နေတဲ့ စက်ပစ္စည်းတွေကို ဒီဇင်ဘာ ၁ ရက်နေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးခဲ့တယ်လို့ မိုင်းဖြတ်မြို့မရဲစခန်းက ပြောပါတယ်။

နမ့်လုံချောင်းတလျှောက် တရားမ၀င်တူးဖော်နေတဲ့ ရွှေမျှောဖောင်တွေကို သတင်းအရ အဖွဲ့စုံနဲ့ လိုက်လံစစ်ဆေးခဲ့တာဖြစ်ပြီး တာလကျေးရွာအနီးမှာ မြင်းကောင်ရေ ၂၅ ကောင်အားရှိတဲ့ တရုတ်အင်ဂျင်စက်အပါအ၀င် လေအိုး၊ ရေငုတ်ဝတ်စုံ၊ ရေထိုးပိုက်နဲ့ ရေစစ်ဇကာ ၅ ခုတို့ကို သိမ်းဆည်းမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး မိုင်းဖြတ်ရဲစခန်းစခန်း တာဝန်ရှိသူတဦးက "မနေ့ညနေက ဖမ်းဆီးမိခဲ့တာပါ။ ပစ္စည်းတွေပဲ သိမ်းဆည်းရမိပြီး ပိုင်ရှင်မဲ့ပါ။ အရင်တုန်းကတော့ ဖမ်းဆီးခဲ့တာတွေရှိပါတယ်။ အခုနှစ်အတွင်းမှာတော့ ဒါပထမဆုံးအကြိမ်ပါပဲ" လို့ ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းက ရေချောင်းတွေမှာ ရွှေထွက်ရှိမှုတွေ ရှိတဲ့အတွက် တရားမ၀င် ရွှေမျှောဖောင်တွေနဲ့ တူးဖော်မှုဟာ မိုးအကုန် ပွင့်လင်းရာသီမှာ ပိုမိုများပြားလာလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တရားမ၀င်တူးဖော်တဲ့ ရွှေမျှောဖောင်အများစုဟာ တာလေမြို့နယ် နမ့်မွေချောင်း၊ မိုင်းဖြတ်မြို့နယ် နမ့်လုံချောင်း၊ မိုင်းယောင်းမြို့နယ်အတွင်းက ရေချောင်းတွေမှာ တူးဖော်လေ့ရှိပြီး ရွှေမျှောဖောင်အများဆုံးတူးဖော်တာတော့ တာလေမြို့နယ်အတွင်းမှာဖြစ်ပြီး ရွှေဖောင်ပေါင်း ၂၀၀ ကျော်ရှိတယ်လို့ တာလေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ (အန်အယ်လ်ဒီ) ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

အခုဖမ်းဆီးရရှိတဲ့ ရွှေမျှောဖောင်ကိုတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ မိုင်းဖြတ်မြို့မရဲစခန်းက ပြောပါတယ်။

(ကိုဇက်၊ တာချီလိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013