DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်တွင်း လူနေအိမ် ၈၀၀ ကျော် ပြန်ဆောက်မည်
DVB
·
December 2, 2017
မောင်တောမြို့နယ်တွင်း လူနေအိမ် ၈၀၀ ကျော် ပြန်ဆောက်မည်
Donate to DVB

မောင်တောမြို့နယ်က ကျေးရွာအုပ်စု ၁၆ ခုမှာ လူနေအိမ်ပေါင်း ၈၀၀ လောက် ပြန်ဆောက်ဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက ကြေညာပါတယ်။
တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေ၊ တပ်မတော်နဲ့ ကုမ္ပဏီတွေက ဆောက်လုပ်မှာ ဖြစ်ပြီး လူ ၃၅၀၀ ကျော်အတွက် အိမ် ၇၈၇ လုံး ဆောက်လုပ်မယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားရွာတွေအတွက် ၅၉၂ လုံး၊ ဟိန္ဒူဘာတွေအတွက် ၁၇၃ လုံးနဲ့ ဘင်္ဂါလီရွာ တရွာအတွက် အိမ် ၂၂ လုံး ဆောက်လုပ်ဖို့ လျာထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် နေရပ်စွန့်ခွာသူတွေရဲ့ နွားနဲ့ ဆိတ်တွေကို ထိန်းသိမ်းရေး စခန်း ၃ ခုဖွင့်ပြီး ဖမ်းဆီးစောင့်ရှောက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပန်းတောပြင်၊ ခုံတိုင်နှင့် ငါးခူရတို့မှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စခန်းတွေ ဖွင့်လှစ်ထားတာ ဖြစ်ပြီး လက်ရှိ အချိနိထိ နွား ၃၀၃ ကောင်၊ ဆိတ် ၆၆၅ ကောင် ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ပြီးတော့ နေရပ်စွန့်ခွာသူတွေရဲ့ ပိုင်ရှင်မဲ့ မိုးစပါးတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရိတ်သိမ်း ခြွေလှေ့ပေးခဲ့ပြီး ဒီဇင်ဘာ ၁ ရက်နေ့အထိ ၃၅၈၀ ဧက ရိတ်သိမ်းရာမှာ ၁၆၈၃၅၁ တင်း ထွက်ရှိတယ်လို့လည်း ကြေညာထားပါတယ်။
ရိတ်သိမ်းဖို့ လျာထားတဲ့ ပိုင်ရှင်မဲ့ မိုးစပါး ဧက ၄၅၀၀၀ ကျော် ရှိတာကြောင့် လယ်ဧက ၄ သောင်းကျော် ရိတ်သိမ်းဖို့ ကျန်ရှိနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013