DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးကို ယခုနှစ်အတွင်း နိုင်ငံခြားသားဝင်ရောက်မှုမှ ကျပ်သိန်း ၇၀၀၀ ကျော်ရရှိ
DVB
·
December 2, 2017
ကျိုက်ထီးရိုးကို ယခုနှစ်အတွင်း နိုင်ငံခြားသားဝင်ရောက်မှုမှ ကျပ်သိန်း ၇၀၀၀ ကျော်ရရှိ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့ထိ ၁၁လအတွင်း နိုင်ငံခြားသား ဝင်ရောက်မှုမှ ငွေကျပ် သိန်း ၇၀၀၀ ကျော် ရရှိထားကြောင်း မွန်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့ နိုင်ငံခြားသားဝင်ရောက်မှု ကောက်ခံရေးရုံး တာဝန်ရှိသူတဦးထံမှ သိရပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ဇုန်ဝင်ကြေးအဖြစ် ယခင်က နိုင်ငံခြားသားတဦးကို အရင်က ၆၀၀၀ ကျပ် ကောက်ခံခဲ့ပေမယ့် အောက်တိုဘာ ၅ ရက်နေ့မှ စတင်ကာ တဦးကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ ပြောင်းလဲကောက်ခံခဲ့တယ်လို့ နိုင်ငံခြားသားဝင်ရောက်မှု ကောက်ခံရေးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံခြားသား တစ်ဦးကို တစ်သောင်းကျပ်နှုန်းနဲ့ ပြောင်းလဲ ကောက်ခံဖို့ ညွှန်ကြားလာတဲ့အတွက် ပြီးခဲ့တဲ့ ၁၀ လပိုင်း ၅ ရက်နေ့က စပြီးတော့ ပြောင်းလဲကောက်ခံခဲ့တာဖြစ်တယ်။ ဒီရရှိတဲ့ ဝင်ကြေးတွေအားလုံးကိုလည်း ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေစာရင်းထဲကို လစဉ် လွှဲပြောင်းပေးရပါတယ်။"

ကျိုက်ထီးရိုးစေတီတော်ကို အခုနှစ် ၁၁ လအတွင်း နိုင်ငံခြားသား ၁၀၅၀၂၉ ဦး ဝင်ရောက်ခဲ့ပြီး ထိုင်း၊ ဗီယက်နမ်၊ လာအို စတဲ့ အာရှတိုက်မှ အများဆုံးဖြစ်ပြီး ဂျာမနီိ၊ ပြင်သစ်၊ စပိန် စတဲ့ နိုင်ငံတွေကလည်း လာရောက်ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဘုရားဖူးရာသီကာလအတွင်း ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၂၂ သိန်းကျော် လာရောက်ခဲ့တယ်လို့ သိရပါတယ်။

ဟိန်းထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013