DVB Logo
Home
မေးမြန်းခန်း
ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ထိုး​စစ်ဆင်ရန် အစိုး​ရက စစ်​ရေး​ပြင်ဆင် (​မေး​မြန်း​ချက်)
DVB
·
April 12, 2012
ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ထိုး​စစ်ဆင်ရန် အစိုး​ရက စစ်​ရေး​ပြင်ဆင် (​မေး​မြန်း​ချက်)
Donate to DVB

တိုင်း​ရင်း​သား​လက်နက်ကိုင်တပ်ဖွဲ့​တွေဖြစ်တဲ့​ ကရင်၊​ မွန်၊​ ရခိုင် နဲ့​ ကရင်နီ အဖွဲ့​ ​တွေက အစိုး​ရ နဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မှု​တွေ လုပ်​ဆောင်​နေချိန်မှာ ကချင်ပြည်နယ်မှာ​တော့​ ​ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ထိုး​စစ်ဆင်ဖို့​ အစိုး​ရက စစ်​ရေး​ပြင်ဆင်​နေတယ်လို့​ ကချင်လွတ် ​မြောက်​ရေး​တပ်ဖွဲ့​ (​အေအိုင်​အေ) က ​ပြောပါတယ်။

[caption id="attachment_24100" align="alignleft" width="300" caption="​ကေအိုင်​အေ ရဲ​ဘော်အချို့​"][/caption]

ကချင်ပြည်နယ်က ထိုး​စစ်၊​ တိုက်ပွဲအ​ခြေအ​နေနဲ့​ပတ်သက်ပြီး​ ​ကေအိုင်အို ​ပြောခွင့်​ရ ဦး​လနန်း​ကို ​မေး​မြန်း​ထား​ပါတယ်။

အခု လိုင်ဇာဘက်ကို အစိုး​ရတပ်​တွေ ထိုး​စစ်ဆင်​နေတယ်ဆိုပြီး​ သတင်း​တွေ ထွက်​နေလို့​၊​ အ​ခြေအ​နေ ဘယ်လိုရှိလဲ။

“လိုင်ဇာ​တော့​ မ​ရောက်​သေး​ဘူး​၊​ ဒါ​ပေမယ့်​ သူတို့​ရဲ့​ စစ်ဆင်​ရေး​လမ်း​ကြောင်း​ကို ကြည့်​တဲ့​အခါမှာ အား​လုံး​က ဒီ လိုင်ဇာဘက်ကို ဦး​တည်တဲ့​ပုံစံ ​တွေ့​ရတာ​ပေါ့​နော်။ အဲဒါ​ကြောင့်​ အများ​က​တော့​ လိုင်ဇာဘက်ကို ထိုး​စစ်ဆင်လာတယ် ဆိုပြီး​တော့​ ​ပြောဆိုတာပါ။ အမှန်တကယ်လည်း​ သူတို့​ရည်မှန်း​ချက်က အဲဒါ ဖြစ်နိုင်တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ အခု သူတို့​ စစ်ဆင်​ရေး​ရဲ့​ မြား​ဦး​အား​လုံး​ဟာ ဒီဘက်ကို လှည့်​တဲ့​ပုံစံ ဖြစ်​နေတယ်။ မြစ်ကြီး​နား​ဘက်က​နေ ဝင်လာတဲ့​ လမ်း​ကြောင်း​ကလည်း​ ဒီလိုင်ဇာဘက်ကို ဦး​တည်ထား​တယ်။ ဗန်း​မော်ဘက်က တက်လာတဲ့​ စစ်​ကြောင်း​တွေကလည်း​ ဒီလိုင်ဇာဘက်ကို တက်လာတဲ့​ ပုံစံ ဖြစ်​နေတယ်။”

ထိုး​စစ်အ​ခြေအ​နေက ဘယ်လိုရှိလဲ။ သူတို့​ တပ်က ဘယ်​လောက်အင်အား​နဲ့​ ဘယ်ဘက်ကို ဦး​တည် သွား​နေတာလဲ။

“အင်အား​ဘယ်​လောက်ရှိတယ်ဆိုတာ အတိအကျ​ပြောဖို့​တော့​ ခက်မယ်ထင်တယ်။ သူတို့​ဘက်က လှုပ်ရှား​မှုအား​လုံး​က မြို့​ကထွက်လာ​တော့​ ညအချိန်မှာ ထွက်ကြတယ်။ ​နောက်ပြီး​တော့​ သူတို့​အခုလှုပ်ရှား​နေတဲ့​ ​ဒေသကရွာ​တွေက ရွာ​တော့​ ရှိ​ပေမယ့်​ ရွာထဲမှာ လူ​တွေက မရှိကြ​တော့​ဘူး​။ အား​လုံး​က စစ်​ပြေး​ဒုက္ခသည်​တွေအ​နေနဲ့​ ဒုက္ခသည်စခန်း​ထဲမှာ ​ရောက်​နေတာ ကြာပြီ။ ဒါ​ကြောင့်​ သူတို့​ ​ရှေ့​တန်း​မှာ​ရောက်​နေတဲ့​ တပ်အင်အား​ ဘယ်​လောက်ရှိတယ်ဆိုတာ ခန့်​မှန်း​ပြောဆိုဖို့​က​တော့​ ခက်မယ်ထင်တယ်။”

အခု တိုက်ပွဲ​တွေ ဖြစ်​သေး​လား​။

“တိုက်ပွဲက​တော့​ ​နေ့​စဉ်ဖြစ်ပါတယ်။ မ​နေ့​ကလည်း​ ရှိတယ်။ ဖြစ်တဲ့​တိုက်ပွဲ အား​လုံး​က သူတို့​က​နေ လုပ်တဲ့​ တိုက်ပွဲ​တွေ များ​တယ်။ မ​နေ့​ကဖြစ်တဲ့​တိုက်ပွဲမှာလည်း​ ကျ​နော်တို့​နေတဲ့​ ​တောင်ကုန်း​ကို သူတို့​က​နေ လက်နက်ကြီး​နဲ့​ ပစ်ခတ်ပြီး​မှ ​ခြေလျင်တပ်ဖွဲ့​တွေ ပြန်ပြီး​တော့​ တိုက်ခိုက်တာမျိုး​လုပ်တယ်။ အဓိကက​တော့​ လမ်း​ကြောင်း​ရှင်း​တဲ့​ပုံစံနဲ့​ တဖြည်း​ဖြည်း​ ချဉ်း​ကပ်လာတဲ့​ပုံစံ။ အဲဒီ ဖြစ်လာတဲ့​အခါမှာ စဖြစ်တာက​တော့​ သူတို့​ဘက်က​နေပြီး​တော့​ စပြီး​လက်နက်ကြီး​နဲ့​ပစ်တာမျိုး​ပါ။ မ​နေ့​က​တော့​ ၂ ကြိမ်​ပေါ့​ဗျာ။”

တိုက်ပွဲ​တွေ ဖြစ်​နေ​တော့​ အခုလက်ရှိဒုက္ခသည်​တွေ အ​ခြေအ​နေက ဘယ်လိုရှိလဲ။

“အခုဖြစ်တဲ့​တိုက်ပွဲ​တွေက ဒုက္ခသည်စခန်း​တွေနဲ့​ ​တော်​တော်အလှမ်း​ဝေး​ပါ​သေး​တယ်။ ဒါ​ပေမယ့်​ ​ရေရှည်မှာ ဒီလို ဆက်ပြီး​ ဖြစ်သွား​မယ်၊​ တိုက်ပွဲ​တွေက ဒီထက်ပိုပြီး​တော့​ ပြင်း​ထန်လာမယ်၊​ ​နောက်ပြီး​တော့​ လူ​နေတဲ့​ ​ဒေသ​ပေါ့​။ ဒုက္ခသည်စခန်း​နဲ့​ အနီး​ကပ်ဆုံး​နေရာ​တွေကို တိုက်ပွဲ​တွေ ဖြစ်လာမယ်ဆိုရင်​တော့​ ဒါက အ​ခြေအ​နေ တမျိုး​ပြောင်း​လဲသွား​မှာပါ။ အခုထက်ထိ​တော့​ ဒုက္ခသည်​တွေအတွက် သိပ်စိုး​ရိမ်စရာ​တော့​ မရှိ​သေး​ဘူး​။”

ကေအိုင်​အေနဲ့​ အစိုး​ရ ​ဆွေး​နွေး​နေတဲ့​အခိုက်မှာပဲ အခုလို ထိုး​စစ်ဆင်​နေတဲ့​အ​ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“ကျ​နော်တို့​ ​တွေ့​ဆုံမှုတိုင်း​မှာ​တော့​ နှစ်ဦး​နှစ်ဖက် သ​ဘောတူညီချက်နဲ့​ ​ကြေညာချက်​တွေ ထုတ်ကြတယ်​ပေါ့​။ အဲဒီ​ကြေညာချက်ထုတ်တဲ့​ ​နေရာမှာလည်း​ ဒီ ဖြစ်​နေတဲ့​တိုက်ပွဲကို အရှိန်​လျှော့​ချဖို့​ဆိုတဲ့​ အချက်ရယ်၊​ ​နောက်ပြီး​တော့​ ဖြစ်ပွား​နေတဲ့​ ​ဒေသမှာရှိတဲ့​ တပ်​တွေရဲ့​ ​နေရာချထား​တာနဲ့​ ပတ်သက်ပြီး​တော့​ ​ဆွေး​နွေး​ရ​အောင်ဆိုတဲ့​ဟာ​တွေ ပါပါတယ်။ ဒါ​ပေမယ့်​ တာဝန်ယူရမယ့်​ အပိုင်း​က​တော့​ သူတို့​ရဲ့​ ပြည်​ထောင်စုကိုယ်စား​လှယ်အဖွဲ့​ (ဦး​အောင်​သောင်း​အဖွဲ့​) မှာ တာဝန်ရှိပါတယ်။ ဦး​အောင်​သောင်း​အဖွဲ့​က​နေပြီး​တော့​ တပ်ပိုင်း​ဆိုင်ရာ စစ်တပ်နဲ့​သူတို့​ ဘယ်​လောက်အထိ ညှိနှိုင်း​သလဲ မညှိနှိုင်း​ဘူး​လဲ ဆိုတဲ့​အချက်မှာ မူတည်ပါလိမ့်​မယ်။ ဒါ​ပေမယ့်​ သူတို့​ဆွေး​နွေး​ပွဲပြီး​လို့​ ပြန်သွား​တဲ့​ ​နောက်ပိုင်း​ ဆက်တိုက်ပါပဲ စစ်ဆင်​ရေး​က ပိုပြီး​တော့​ အရှိန်မြင့်​လာတာမျိုး​ ​တွေ့​ရတယ်။ ထင်တာက​တော့​ သူတို့​ ပြန်​ရောက်သွား​တဲ့​အခါ ​နေပြည်​တော်မှာ အဲဒီကိစ္စ သိပ်ပြီး​တော့​ ​လေး​လေး​နက်နက် မထား​ဘဲနဲ့​ သူတို့​အချင်း​ချင်း​ အတွင်း​မှာ တပ်ပိုင်း​ဆိုင်ရာကိစ္စနဲ့​ အစိုး​ရအဖွဲ့​ကြား​မှာ သိပ်ပြီး​တော့​ ​ဆွေး​နွေး​တဲ့​အပိုင်း​ မရှိဘူး​လို့​ ခန့်​မှန်း​မိတယ်။”

အစိုး​ရ ပြည်​ထောင်စုအဆင့်​ကိုယ်စား​လှယ် ရထား​ဝန်ကြီး​ ဦး​အောင်မင်း​တို့​ကလည်း​ ​ကေအန်ယူအဖွဲ့​နဲ့​တွေ့​ဆုံတယ်၊​ မွန်အဖွဲ့​နဲ့​လည်း​ ​တွေ့​ဆုံတယ်၊​ ရခိုင်အဖွဲ့​နဲ့​လည်း​ ​တွေ့​ဆုံပြီး​တော့​ အပစ်အခတ်ရပ်စဲ​ရေး​ ကိစ္စ​တွေ ​ဆွေး​နွေး​နေတယ်။ အခု ​ကေအန်ယူတို့​၊​ မွန်တို့​ကလည်း​ တပြည်လုံး​အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​အတွက် ​တောင်း​ဆိုတာမျိုး​တွေ ရှိ​တော့​ ​ကေအိုင်​အေဘက်ကို​ရော ဒီလိုမျိုး​ ထိုး​စစ်ဆင်​နေတဲ့​အ​ပေါ် သူတို့​ရဲ့​ ​တွေ့​ဆုံမှုက ဘယ်လိုများ​ သက်​ရောက်နိုင်ပါသလဲ။

“သူတို့​က​တော့​ လက်နက်ကိုင်အင်အား​စု​တော်​တော်များ​များ​နဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စ​တော့​ ​ပြောဆို​နေကြတယ်။ တချို့​ လက်မှတ်ထိုး​ထား​ပြီး​တာကို ​တွေ့​ရတယ်။ ဒါ​ပေမယ့်​ အခုထက်ထိ သူတို့​ တိုင်း​ရင်း​သား​ဒေသအား​လုံး​မှာ သူတို့​ တပ်​တွေချထား​တဲ့​ တပ်ပိုင်း​ဆိုင်ရာ​ပေါ့​။ တပ်​တွေဆုတ်သွား​တာမျိုး​ ယုတ်သွား​တာမျိုး​ တခုမှ မ​တွေ့​ရ​သေး​ဘူး​။ ကချင်ပြည်နယ် ပြင်ပမှာရှိတဲ့​ တပ်စခန်း​တွေ​ပြောတာ​ပေါ့​။ ဒါ​ကြောင့်​မို့​လို့​ ဒီအပစ်အခတ်ရပ်စဲ​ရေး​ဆိုတဲ့​ ကိစ္စမှာ ဘယ်​လောက်အထိအာမခံချက် ရှိနိုင်မလဲ၊​ အချိန်ကာလအား​ဖြင့်​ ဘယ်​လောက်အထိ ထိန်သိမ်း​နိုင်မလဲ ဆိုတဲ့​ ကိစ္စက​တော့​ သူတို့​ရဲ့​ ဒီတပ်ပိုင်း​ဆိုင်ရာနဲ့​ ပတ်သက်တယ်။ ပြည်​ထောင်စုအစိုး​ရအဖွဲ့​နေပြီး​တော့​ သူတို့​ ငြိမ်း​ချမ်း​ရေး​အ​နေနဲ့​ ဘယ်​လောက်အထိ လုပ်​နေတယ်ဆို​ပေမယ့်​ တပ်ပိုင်း​ဆိုင်ရာမှာ တပ်ဆုတ်တာမျိုး​ တပ်​တွေခွာလိုက်တာမျိုး​ မရှိဘူး​ဆိုရင်​တော့​ ဒီအပစ်အခတ်ရပ်စဲ​ရေး​ဆိုတဲ့​ ကိစ္စက သံသယရှိစရာ အများ​ကြီး​ ရှိပါတယ်။ တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စကို ​တောင်း​ဆိုထား​တယ်ဆို​ပေမယ့်​ ဒီကိစ္စ တာဝန်ရှိတာက​တော့​ အစိုး​ရစစ်တပ်ပါ။ ကာကွယ်​ရေး​ဝန်ကြီး​ဌာနက​နေပြီး​တော့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်က​နေပြီး​တော့​ သူ့​ရဲ့​ တပ်​တွေကို ဆုတ်ခွာထား​မယ်ဆိုရင်​တော့​ ဒီအပစ်အခတ်ရပ်စဲ​ရေး​ဆိုတဲ့​ ကိစ္စက ​ကြေညာစရာလည်း​ မလိုဘူး​၊​ လက်မှတ်ထိုး​စရာလည်း​ မလိုဘဲနဲ့​ သူ့​ဟာသူ အဆင်​ပြေသွား​မယ့်​ ကိစ္စ​လေး​တွေပါ။”

အခု အန်ကယ်တို့​ ​ကေအိုင်​အေအဖွဲ့​အ​နေနဲ့​က​ရော အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ ထပ်​တွေ့​ဖို့​ အစီအစဉ်ရှိလား​။

“အစိုး​ရကိုယ်စား​လှယ်အဖွဲ့​က​နေပြီး​တော့​ ​တွေ့​ဖို့​ သူတို့​အ​ကြောင်း​ကြား​လာဖို့​ ရှိ​နေတယ်ဆိုရင်​တော့​ ကျ​နော်တို့​ဘက်က​တော့​ အမြဲတမ်း​တွေ့​ဖို့​ အဆင်သင့်​ပါပဲ။”

မနှစ်ကတည်း​က ဖြစ်တဲ့​ ဒီတိုက်ပွဲ​တွေ​ကြောင့်​ အခု မိုး​တွေ စရွာ​နေပြီဆို​တော့​ ဒုက္ခသည်​တွေအ​ခြေအ​နေ ဘယ်လို ရှိပါသလဲ။

“အခက်အခဲ​တော့​ ရှိပါတယ်။ ဒါ​ပေမယ့်​ ဒီမတ်လကုန်ပိုင်း​လောက်မှာ ၂၀ ​ကျော်ထဲမှာ စပြီး​ ယူအန်လက်​အောက်ခံအဖွဲ့​တွေ ဒီစခန်း​တွေကို ​လေ့​လာသွား​တာမျိုး​ပေါ့​။ ​နောက်ပြီး​တော့​ တလစာ စား​ရေး​သောက်​ရေး​အတွက် ပံ့​ပိုး​ပေး​တာမျိုး​ ရှိတယ်။ ဒီလို သူတို့​ ဆက်တိုက်ကူညီသွား​မယ်ဆိုရင်​တော့​ ဒုက္ခသည်​တွေရဲ့​ ကိစ္စအဝဝကို​တော့​ တဖက်တလမ်း​က​နေ ​ဖြေရှင်း​နိုင်မယ်လို့​ ယုံကြည်တယ်။ ဒါ​ပေမယ့်​ အခုထက်ထိ​တော့​ စခန်း​တိုင်း​ကို သူတို့​ မ​ရောက်ရှိနိုင်​သေး​ဘူး​ခင်ဗျ။ တချို့​ တပ်မဟာ (၂) လက်​အောက်ခံ တပ်ရင်း​ (၅ ) ​ဒေသတို့​၊​ ​နောက် တပ်မဟာ (၁) လက်​အောက်ခံ လဂျား​ယန်​ဒေသမှာလည်း​ ပုံး​ရှောင်​နေတဲ့​ဟာ​တွေ အများ​ကြီး​ ရှိ​သေး​တယ်။ အဲဒီဘက်ကို ​ရောက်ဖို့​လည်း​ အများ​ကြီး​ လိုပါ​သေး​တယ်။ ဒုက္ခသည်​တွေက ​တော်​တော်များ​များ​ ​နေ​ရေး​ ထိုင်​ရေး​ စား​ရေး​သောက်​ရေး​တွေ ​တော်​တော်လည်း​ ဒုက္ခများ​တယ်။ ​နောက်ပြီး​တော့​ အခု ​ကျောင်း​ပိတ်တဲ့​အချိန်​ပေါ့​။ ​ကျောင်း​ပြန်ဖွင့်​တဲ့​အခါမှာလည်း​ ဒီ က​လေး​တွေရဲ့​ စာသင်​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ​ကျောင်း​အ​ဆောက်အဦတို့​ စာ​ရေး​ကိရိယာတို့​ အများ​ကြီး​ လိုအပ်လာမှာပါ။ ယူအန်ကလည်း​ ဖြစ်နိုင်သ​လောက် လိုအပ်တဲ့​ အကူအညီ​တွေ ​ပေး​မယ်လို့​တော့​ ကျ​နော်တို့​ ​မျှော်လင့်​တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013