DVB Logo
Home
မြန်မာသတင်း
ရက်ကန်းလုပ်ငန်း မပျက်စီးရန် တရုတ်ပုဆိုးများအား တားမြစ်ပေးရေး ဆွေးနွေး
DVB
·
December 2, 2017
ရက်ကန်းလုပ်ငန်း မပျက်စီးရန် တရုတ်ပုဆိုးများအား တားမြစ်ပေးရေး ဆွေးနွေး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ ပြည်တွင်းပုဆိုးဈေး ကွက်ထဲ ဝင်ရောက်လာတဲ့ တရုတ်ပုဆိုးတွေကို တားမြစ်ပေးဖို့ လွှတ်တော်နဲ့နိုင်ငံတော်အစိုးရအား တင်ပြတောင်းဆိုဖို့ မနေ့က မြို့နယ်အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရက်ကန်းလုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

မန္တလေးကရှေ့နေကြီး ဦးမောင်မောင်ဦးက “ဒီမြို့ရဲ့စားဝတ်နေရေးလုပ်ငန်း မပျက်စီးဖို့ လွှတ်တော်နဲ့အစိုးရ သိအောင်တောင်းဆိုပါ။ ၂၀၁၂ ခုနှစ်က ထုတ်ပြန်ထားတဲ့ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၃(က)(ခ)အရ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အထောက်အကူပြုဖို့၊ အကာအကွယ်ပေးဖို့၊ ကန့်သတ်တားဆီးဖို့ ဆိုတာရှိတယ်။ အစိုးရနဲ့လွှတ်တော်က ဒီလုပ်ငန်းကို မပျက်စီးဖို့ ကူညီပြီး လုပ်ဆောင်ပေးနိုင်တယ်” လို့ ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က “ဒီလ ၅ ရက်နေ့မှာ လွှတ်တော်ပြန်စမယ်။ လွှတ်တော်နဲ့ တိုင်းအစိုးရကို တင်ပြပေးမယ်။ တရုတ်ပုဆိုးကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးဒုက္ခဖြစ်နိုင်တဲ့ အခြေအနေတွေကို အချက်အလက် စုဆောင်းပြီးတင်ပြမယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်က နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်ကို တင်ပြတောင်းဆိုပေးမယ်” လို့ ပြောပါတယ်။

မြသုံးလုံးစက်ရုံပိုင်ရှင် ဦးပြေသိန်းက “ပြည်တွင်းဖြစ် စောင်တွေပျောက်ကွယ်ပြီး တရုတ်စောင်တွေ ရောက်လာတဲ့ အဖြစ်ဆိုးလို မဖြစ်ရလေအောင် လုပ်ငန်းရှင်တွေ အားလုံးက အစိုးရနဲ့လွှတ်တော်ကို တင်ပြတောင်းဆိုသွားမယ်။ ရက်ကန်းလုပ်ငန်းရှိတဲ့ အမရပူရနဲ့ တောင်မြို့ကိုလည်း ပူးပေါင်းပါဝင်တောင်းဆိုဖို့ ပြောပြထားတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ လူဦးရေ ၂ သိန်းခွဲကျော်ရှိပြီး ရက်ကန်လုပ်ငန်းကို အလုပ်သမား ၉ သောင်းကျော်လုပ်နေကြပါတယ်။

ရက်ကန်းလုပ်ငန်းပေါ် မှီခိုလုပ်ကိုင်တဲ့ သံရေကြိုလုပ်ငန်း၊ တွင်ခုံလုပ်ငန်း၊ ရက်ကန်းပစ္စည်အရောင်းဆိုင်တွေ၊ အထည်ဆိုင်တွေ၊ ဈေးသည်တွေစတဲ့ လုပ်ငန်းတွေက လူတွေပ စားဝတ်နေရေး ဆင်းရဲဒုက္ခရောက်သွားနိုင်တာကြောင့် မြို့နယ်တခုလုံးရှိ လူဦးရေအားလုံးရဲ့ အသက်မွေးဝမ်းကြောင်း ပျက်စီပြီး အလုပ်လက်မဲ့တွေ ဖြစ်ပေါ်ကာ ဆင်းရဲဒုက္ခရောက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013