DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ နှစ်နိုင်ငံထိပ်သီး ဆွေးနွေးပွဲ ကျင်းပ
DVB
·
December 2, 2017
တရုတ်-မြန်မာ နှစ်နိုင်ငံထိပ်သီး ဆွေးနွေးပွဲ ကျင်းပ
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ မနေ့က နှစ်နိုင်ငံထိပ်သီး ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲက တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး ပထမထပ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အခြေခံပြီး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန်မြှင့် တင်ရေး၊ အပြည်ပြည်ဆိုင်ရာ မျက်နှာစာမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်ဖက် အဆင့်မြင့် ခေါင်းဆောင်တွေအကြား ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန် သွားလာရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးမြင့်ဖော်ဆောင်ရေးနဲ့ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးတို့အပြင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးတွေနဲ့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တရုတ်နိုင်ငံမှ ဆက်လက် အကူအညီပေးမယ့် ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်သူ့ ခန်းမဆောင်ကြီး ဒုတိယထပ်မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အခမ်းအနားကို ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့အကြီးအကဲတွေ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံရေးပါတီတွေက အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ မနေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း သွားရောက်ခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းအပါဝင် သံရုံးဝန်ထမ်းတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013