DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစုဒေသထွက် ကမာကောင်များ ထိုင်းဈေးကွက်အထိ တင်ပို့မှုရှိလာ
DVB
·
December 2, 2017
မြိတ်ကျွန်းစုဒေသထွက် ကမာကောင်များ ထိုင်းဈေးကွက်အထိ တင်ပို့မှုရှိလာ
Donate to DVB

မြိတ်ကျွန်းစုဒေသထွက် ပင်လယ်စာ တမျိုးဖြစ်တဲ့ ကမာကောင်တွေဟာ ဈေးကွက်အတွင်း စားသုံးမှုမြင့်တက်နေပြီး အခုနှစ်မှာ ထိုင်ဈေးကွက်ကိုလည်း တင်ပို့မှုတွေ ရှိလာနေ ပါတယ်။

မြိတ်ကျွန်းစု ဒေသထွက် ပင်လယ်စာထဲမှာ ကမာကောင်တွေဟာ လူကြိုက်များတဲ့ အစားအသောက်တခုဖြစ်ပြီး ဒေသခံတွေအပြင် မြိတ်မြို့ကို အလည်ပတ်ရောက်ရှိလာတဲ့ ဧည့်သည်တွေလည်း စားသောက်ဆိုင်တွေမှာ အများဆုံး မှာယူစားသောက်တတ်ကြတယ်လို့ သိရပါတယ်။

“ကမာကောင်တွေက အခုဆိုရင် စားသုံးသူတွေ များလာတာ တွေ့ရတယ်။ ကျမတို့ ပင်လယ်ပိုင်း ဒေသတွေမှာ အများဆုံး ထွက်ရှိတဲ့ ကမာကောင်တွေကို မြိတ်မြို့ပေါ်ရှိ စားသောက်ဆိုင်တွေကိုလည်း တင်ပို့တာ ရှိသလို နယ်စပ်ဂိတ် ဖြစ်တဲ့ မောတောင်ဒေသက တဆင့် ထိုင်းနိုင်ငံကိုလည်း အများဆုံး တင်ပို့တာလည်း ရှိပါတယ်။ တကောင်ကို ၄၀၀ ကနေ ၅၀၀ ကျပ်အထိ ဈေးရှိတယ်” လို့ ကျွန်းစုမြို့နယ် ပဲ့ဒိုင်ကျေးရွာနေ ကမာကောင် အရောင်း/ ၀ယ်ဒိုင်မှ ဒေါ်ငွေရီက ပြောပါတယ်။

ကမာကောင်တွေဟာ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာနဲ့ အနီးနား ပတ်ဝန်းကျင်ရှိ ပင်လယ်ပိုင်း ကျေးရွာဒေသတွေမှာ အများဆုံး ထွက်ရှိကြောင်း သိရပါတယ်။

ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013