DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 1, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၄၆,၀၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး မန္တလေးပွဲစား ကုန်သည်၊ စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၄၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ပေါက်ဈေးကတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ် ကျော် ကွာခြားနေပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၃၂,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ်နီးပါး ကွာခြားပါတယ်။

ကုလားပဲလုံး
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကုလားပဲလုံးကတော့ ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၁,၆၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး မန္တလေးပွဲစားကုန်သည်၊ စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၁၀၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေး ရှိပါတယ်။ ၁ အိတ်ကို ၁၀,၀၀၀ ကျပ်ကျော် ကွာခြားပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၉,၆၀၀ ကျပ်ကနေ ငွေကျပ် ၈၄,၄၀၀ ပေါက်ဈေးရှိနေပြီး မန္တလေးမှာတော့ ၁ အိတ်ကို ၈၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၄,၅၀၀ ပေါက်ဈေးရှိပါတယ်။ ၁ အိတ်ကို ၅,၀၀၀ ကျပ်နီးပါး ကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေးပွဲစား ကုန်သည်၊ စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၄၅ ပိဿာ ၁ အိတ်ကို ၁၀၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၉၉,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံ ၁ အိတ်ကို ၈,၀၀၀ ကျပ် လောက် ကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းဖြူက ၁ အိတ်ကို ၁၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၇,၀၀၀ ပေါက်ဈေးရှိနေပြီး မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၁၀၃,၅၀၀ ကနေ ၁၅,၇၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံ ၁ အိတ်ကို ၂၀,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013