DVB Logo
Home
မြန်မာသတင်း
နေအိမ်မှ မ​ပြောင်း​ပေး​သည့်​ ရွာသား​များ​ ​ထောင်ဒဏ်ကျခံရသည့်​အပြင် အယူခံ ပယ်ချခံရ
DVB
·
April 12, 2012
Donate to DVB

လယ်​ဝေး​မြို့​နယ် မီး​သွေး​ဖိုကုန်း​ကျေး​ရွာက ​ထောင်ဒဏ်ချမှတ်ခံထား​ရတဲ့​ ရွာသား​တွေအတွက် ခရိုင်တရား​ရုံး​ကို အယူခံတင်​ပေမယ့်​ ပယ်ချခံခဲ့​ရပါတယ်။

နေပြည်​တော်ခရိုင် လယ်​ဝေး​မြို့​နယ် မီး​သွး​ဖိုကုန်း​ကျေး​ရွာမှာ​နေတဲ့​ ရွာသား​တွေကို မနှစ် ​အောက်တိုဘာမှာ ဖယ်ခိုင်း​ခဲ့​ပြီး​ မဖယ်​ပေး​သူ​တွေကို စည်ပင်သာယာက ကျူး​ကျော်မှုနဲ့​ တရား​စွဲဆိုခဲ့​ပါတယ်။ ရွာသား​ ၂၁ ဦး​ တရား​စွဲဆိုခံခဲ့​ရပြီး​ မတ်လ ကုန်ပိုင်း​မှာ ရွာသား​ ၆ ဦး​ အလုပ်ကြမ်း​နဲ့​ထောင် ၃ လ ချမှတ်ခံခဲ့​ရပါတယ်။

ကျန်သူ​တွေကိုလည်း​ ဆက်ပြီး​တရား​စွဲဆိုထား​ရာမှာ ​ထောင်ဒဏ်ချခံရမှာစိုး​ရိမ်သူတချို့​က မိမိအိမ်​မြေရာ​တွေကို ဖျက်ပြီး​ ထွက်သွား​ကြ ရသလို ကျန် ၃ ဦး​က မဖျက်တဲ့​အတွက် အခုလ ၆ ရက်​နေ့​က အလုပ်ကြမ်း​နဲ့​ ​ထောင်ဒဏ် ၆ လ ထပ်မံ ချခံခဲ့​ရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူ​တွေအတွက် ​နေပြည်​တော်ခရိုင်ရုံး​ကို အယူခံတင်ရာမှာလည်း​ ပယ်ချခံရတယ်လို့​ လယ်သမား​တွေရဲ့​အမှုကို လိုက်​ပေး​တဲ့​ လယ်​ဝေး​မြို့​က ​ရှေ့​နေ ဦး​ခင်​မောင်ကြည်က ​ပြောပါတယ်။

“တရား​စစွဲတုန်း​က​တော့​ မဖယ်တဲ့​လူက အကုန်လုံး​ ၂၁ ​ယောက် ရှိတယ်။ ကျ​နော် လိုက်တာ​ပေါ့​လေ။ အဲဒီအထဲမှာမှ ၄ ​ယောက်က ၁၄ ရက်​နေ့​က ချတယ်​ပေါ့​။ ​နောက်ထပ် ၂ ရက်ဆိုင်း​ပြီး​တော့​ ၂ ​ယောက်ချခံရတယ်။ ၆ ​ယောက် ​ထောင်ချပြီး​တဲ့​အခါကျ​တော့​ တရား​စွဲခံရတဲ့​လူ​တွေက ​ကြောက်တဲ့​အခါကျ​တော့​ အိမ်​တွေဘာ​တွေ ဖျက်ပြီး​တော့​ ဖြစ်သလို ​နေကြရတယ်။ အခု ​နောက်ပိုင်း​ ၈ ​ယောက် ကျန်တဲ့​ဟာ​ပေါ့​လေ။ အမိန့်​ချမယ့်​ ရက်ချိန်း​ကျမှပဲ ၅ ​ယောက်​လောက်က ဖျက်ပြီး​တော့​ ထွက်သွာတယ်။ ၃ ​ယောက်က ထပ်ပြီး​ ​ထောင်ကျတယ်။ ပထမကျတဲ့​လူက​တော့​ အယူခံ ၆ ​ယောက်အတွက်က ကျ​နော် တခါတည်း​ တင်လိုက်တာဆို​တော့​ ​နေပြည်​တော်ခရိုင်တရား​ရုံး​က​တော့​ ဥပ​ဒေနဲ့​ ပတ်သက်တဲ့​ကိစ္စ​တွေ အ​ကြောင်း​တရား​တွေများ​လို့​ အထက်ရုံး​ပဲ တက်ပါဆိုပြီး​တော့​ သူက အကျဉ်း​နည်း​နဲ့​ ပလပ်လိုက်တယ်။ အကျဉ်း​နည်း​နဲ့​ ပလပ်လိုက်​တော့​ အခုမန္တ​လေး​တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်ကို အဲဒီ ၆ ​ယောက်က​တော့​ ဆက်ပြီး​တော့​ သွား​ရမှာ​ပေါ့။”

နေပြည်​တော် စည်ပင်သာယာက စီမံကိန်း​နယ်​မြေနဲ့​ မလွတ်ကင်း​လို့​ဆိုပြီး​ ဖယ်ခိုင်း​တဲ့​ မီး​သွေး​ဖိုကုန်း​ကျေး​ရွာဟာ အိမ်​ခြေ ၁၅၀ ခန့်​ရှိပါတယ်။ သက်ဆိုင် ရာက ဖယ်​ပေး​သူ​တွေကို ​ပြောင်း​ရွှေ့​ စရိတ် ၂ သိန်း​နဲ့​ ​မြေ​နေရာ အစား​ပေး​ပါတယ်။

ဒါ​ပေမယ့်​ ရှိတဲ့​အိမ်​ခြေ​တွေအနက် ၃ ပုံ ၁ ပုံခန့်​သာ ​မြေ​နေရာရပြီး​ ကျန် ၃ ပုံ ၂ ပုံက မရလို့​ မဖယ်​ပေး​ဘဲ တင်း​ခံကြတာပါ။ ဒါ​ပေမယ့်​ မဖယ်​ပေး​ရင် ဖမ်း​ဆီး​မယ်လို့​ ​ပြောတဲ့​အတွက် အများ​စု ထွက်​ပြေး​ကုန်ကျပြီး​ ကျန်ရှိတဲ့​ အိမ်​ခြေ (၂၀) ​ကျော်ကို ​နေပြည်​တော် စည်ပင်သာယာက ​ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ တရား​စွဲဆိုခဲ့​တာပါ။

ထောင်ကျမှာ စိုး​ရိမ်တဲ့​ ရွာသား​တွေဟာ အိမ်ရာမဲ့​အခက်အခဲနဲ့​ ရင်ဆိုင်​နေရတယ်လို့​ ဦး​ခင်​မောင်ကြည်က ​ပြောပါတယ်။

“ဒီလူ​တွေရဲ့​ ဘဝကလည်း​ ဖျက်ချင်လည်း​ ဖျက်​ပေါ့​လေ၊​ ဖျက်​တော့​လည်း​ ​နေစရာကမရှိ၊​ မဖျက်ပြန်​တော့​လည်း​ ​ထောင်ကျကုန်​တော့​ သူတို့​ဘဝအတွက်က ကျ​နော် ဥပ​ဒေအရ ဘယ်လို ဘယ်က​နေပြီး​တော့​မှ သက်သာခွင့်​ ရှိရမှန်း​ မသိသ​လောက်ပဲ။ တကယ်​တော့​ တခြား​မှာ ​နေစရာ​မြေ မရှိလို့​မို့​လို့​ သူတို့​ ဆက်​နေတဲ့​ သ​ဘောပါပဲ။ ဒီ​နေရာ​လေး​ကို နိုင်ငံ​တော်အစိုး​ရက တကယ်လိုအပ်လို့​ သိမ်း​တယ်ဆိုရင်​တော့​ ဥပ​ဒေနဲ့​အညီ​လေး​ သိမ်း​ခဲ့​ရင် ဘာမှ ​ပြောစရာမရှိဘူး​ပေါ့​လေ။ အခုဟာက​တော့​ ဥပ​ဒေနဲ့​ လုပ်ထုံး​လုပ်နည်း​နဲ့​ ကိုင်တွယ်ပြီး​လုပ်ရမယ်၊​ ဝန်ထမ်း​ပိုင်း​ဆိုင်ရာ​တွေက တိတိကျကျ မ​ဆောင်ရွက်​တော့​ မနစ်နာသင့်​ဘဲ နစ်နာကြတဲ့​ အ​ကြောင်း​တရား​တွေ ​ပေါ်​ပေါက်လာတယ်။

“သူတို့​က မရှိ ရှိတာ​လေး​နဲ့​ အဲဒီ မီး​သွေး​ဖိုကုန်း​ ​ကျေး​ရွာ​နေရာ​လေး​ကို အ​ခြေချ ​နေကြမယ်ဆိုပြီး​မှ စုမိ​ဆောင်း​မိတာ​လေး​နဲ့​ ​မြေကွက်​လေး​ ဝယ်ပြီး​ ​နေလာကြတဲ့​လူ​တွေ၊​ ဒီ​မြေကွက်ကို ဒီက​နေမ​နေရဘူး​ဆိုပြီး​တော့​ အသား​လွတ် ​မောင်း​လွှတ်သလို ဖြစ်​နေတဲ့​အခါကျ အခြား​မှာကလည်း​ ​နေစရာကလည်း​မရှိ စား​စရာကလည်း​ မရှိ ဒီလို​တော့​ ဒုက္ခ​တွေ ​ရောက်ကြတာ​ပေါ့​လေ။ တချို့​ဆိုရင် ဘုန်း​ကြီး​ကျောင်း​ထဲမှာ ပစ္စည်း​တွေ ပုံထား​ပြီး​တော့​ လူက ဖြစ်သလို ​တောထဲ​တောင်ထဲ ဟိုနား​ကပ်​နေ ဒီနား​ကပ်​နေ အဲဒီလိုထိ​အောင် ဖြစ်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013