Home
မြန်မာသတင်း
မြန်မာပြည်တွင် နေ့စဉ် လူအယောက် ၃၀၊ ၁ နာရီ ၁ ယောက်နှုန်း HIV ကူးစက်ခံနေရ
သူဇာလင်း
·
December 1, 2017
2017 World Healthy Day HIV AIDS 1
မြန်မာနိုင်ငံမှာ နေ့စဉ် လူအယောက် ၃၀၊ ၁ နာရီကို ၁ ယောက်နှုန်းလောက်နဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီဇင်ဘာလ ၁ ရက်မှာ ပြုလုပ်တဲ့ ၂၀၁၇ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူးစက်ခံရသူပေါင်း ၂၂၀၀၀၀ ရှိခဲ့ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်နဲ့ ကချင်ပြည်နယ်မှာ အများဆုံးဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ HIV ရောဂါပိုးဟာ မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူတွေ၊ အမျိုးသမီး လိင်လုပ်သားတွေနဲ့ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေအကြား အများဆုံး ကူးစက်ခံနေရတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024