DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေးတာဝါတိုင်မှ ဆိုလာပြားများ အခိုးခံရ
DVB
·
December 1, 2017
ဆက်သွယ်ရေးတာဝါတိုင်မှ ဆိုလာပြားများ အခိုးခံရ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၀၄ အနီးက ဆက်သွယ်ရေးတာဝါတိုင်မှ ဆိုလာပြားတွေ အခိုးခံခဲ့ရပါတယ်။

နိုဝင်ဘာ ၃၀ ရက်မနက်ပိုင်းက MPT ဆက်သွယ်ရေးကနေ ကန်ထရိုက်ယူထားတဲ့ ABCT တာဝါတိုင်ကုမ္ပဏီပိုင် တာဝါတိုင်အမှတ် MDY00250 မှ ဆိုလာပြားတွေ အခိုးခံခဲ့ရတာလို့ မလိုင်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။

ဖြစ်စဉ်မှာ နေပြည်တော် ပန်းတင်ရွာဆိုဒ်လုပ်ငန်းခွင်မှာ အင်ဂျင်နီယာ ကိုဝေဖြိုးဇော် အလုပ်လုပ်နေစဉ် ငါးတပုံရွာအနီး အမြန်လမ်းဘေး တာဝါတိုင်မှာ ဆိုလာပါဝါမရှိတော့ကြောင်း အချက်ပြလို့ စစ်ဆေးတဲ့အခါ နေရောင်ခြည်မှ လျှပ်စစ်မီးပြန်ထုတ်ပေးတဲ့ ဆိုလာပြားတွေ အခိုးခံရတာသိရှိပြီး ကိုဝေဖြိုးဇော်က တရားလိုလုပ် အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

မလိုင်မြို့မရဲစခန်း အမှုစစ်ရဲအရာရှိတဦးက "အခိုးခံရတာကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်ဖြစ်မယ်၊ ဒီနေ့အမှုဖွင့်တယ်။ တရုတ်နိုင်ငံလုပ် ၂၅၀ ဝပ် (၆×၄) ပေရှိ ဆိုလာ ၃၆ ပြား နဲ့ အိန္ဒိယနိုင်ငံလုပ် ၂၇၀ ဝပ် (၆×၄) ပေ ဆိုလာ ၁၀ ပြား စုစုပေါင်း ကာလတန်ဖိုး ၉၂ သိန်းဖိုး ရှိတယ်ဆိုတာ တိုင်ချက်ပေးတယ်။ တရားခံအမြန်ဆုံး ဖမ်းမိဖို့ လုပ်နေပါတယ်" လို့ ပြောပါတယ်။

မလှိုင်မြို့မရဲစခန်းက ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ထားပါတယ်။ ပုဒ်မ ၃၇၉ အရ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ၂ ခုလုံးဖြစ်စေ အပြစ်ကျခံရနိုင်တယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013