DVB Logo
Home
မြန်မာသတင်း
တိုင်းဒေသကြီးအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ
DVB
·
December 1, 2017
တိုင်းဒေသကြီးအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမမှာ တိုင်းဒေသကြီးအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို  ၃ ရက်တာ ကျင်းပနေပါတယ်။

မကြာခင်မှာ ကျင်းပမယ့် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပတဲ့အခါမှာ တိုင်းဒေသကြီးအတွင်းက ဖြေရှင်းရန် အရေးကြီး လိုအပ်နေတဲ့ အချက်အလက်တွေကို စုပေါင်းအဖြေရှာပြီး တင်ပြဆွေးနွေးနိုင်အောင် ရည်ရွယ်ကျင်းပတာပါ။

တိုင်းဒေသကြီးအဆင့်အနေနဲ့ ဒုတိယအကြိမ် ကျင်းပတာဖြစ်ပြီး ဖိုရမ်ကနေ အဓိကအားဖြင့် မြေယာနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ စီမံခန့်ခွဲရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားကြမှာပါ။

ဆွေးနွေးပွဲက ရရှိလာတဲ့ စာတမ်းတွေကို ပြည်ထောင်စုအဆင့် ဖိုရမ်မှာ တင်သွင်းဖတ်ကြား ဆွေးနွေးသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုအဆင့်မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးက ဆွေးနွေးနိုင်တာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီလိုအရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်တွေကို တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ပြုလုပ်နေကြပါတယ်။

ပြည်ထောင်စုအဆင့် အရပ်ဘက်အအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီဝင် ဦးကျော်မိုးလှိုင်က“တိုင်းနဲ့ပြည်နယ် အကုန်လုံးမှာ ဖိုရမ်တွေ လုပ်တယ်။ တိုင်းနဲ့ပြည်နယ်အလိုက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အရ ချမှတ်ထားတဲ့ စာတမ်းတွေရော၊ CSO TOR အရ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအရရော တင်ပြနိုင်ဖို့အတွက် အခုလို ဒေသအလိုက် အရပ်ဘက် အဖွဲ့အစည်းဖိုရမ်တွေ ကျင်းပနေတာဖြစ်ပါတယ်။ ဆွေးနွေးပွဲကနေ အဓိကအကြောင်းအရာ ၂ ခုကို ဆွေးနွေးမှာပါ။ ဆွေးနွေးပွဲက ထွက်လာတဲ့ စာတမ်းတွေက မန္တလေးမှာလုပ်မယ့် အကြိုဖိုရမ်မတိုင်မီ စုစည်းပြီး အတည်ပြုမှာပါ”လို့ ပြောပါတယ်။

အခုကျင်းပနေတဲ့ တိုင်းဒေသကြီးအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို စစ်ကိုင်းတိုင်းထဲက ၃၇ မြို့နယ်က ဖိတ်ကြားထားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013