DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပထမဦးဆုံး ဥရောပ လီလီပန်းမျိုးဥများ မင်းသားလွင်မိုး စတင်စိုက်ပျိုး
DVB
·
December 1, 2017
မြန်မာ့ပထမဦးဆုံး ဥရောပ လီလီပန်းမျိုးဥများ မင်းသားလွင်မိုး စတင်စိုက်ပျိုး
1 / 4
Donate to DVB

မြန်မာ့ပထမဦးဆုံး ဟော်လန်နည်းပညာသုံးပြီး ဟော်လန်မျိုးဥ လီလီပန်းများကို သရုပ်ဆောင် လွင်မိုးနဲ့ ဇနီး ဒေါ်မေသူတို့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့နယ်၊ ဘော်နှင်းကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာမှာ စတင်စိုက်ပျိုးနေပြီလို့ သရုပ်ဆောင် လွင်မိုးက ပြောပါတယ်။

သရုပ်ဆောင်လွင်မိုးက Pilot Project (စမ်းသပ်ကာလ) အနေနဲ့ လီလီပန်းပင် ၃၅၀၀၀ ကို မြေ ၁ ဧကစာ စိုက်ပျိုးထားပြီး လက်ရှိမှာ ၁ လအရွယ် ရောက်ရှိလာပြီး သူတို့စိုက်ပျိုးအပြီး တပတ်အကြာမှာပဲ ပြင်ဦးလွင်မှာလည်း စိုက်ပျိုးလာတယ်လို့ သိရပါတယ်။

သရုပ်ဆောင် လွင်မိုးက “ပြီးခဲ့တဲ့ တနှစ်လောက်ကတည်းက အမျိုးသမီးက တရုတ်ပြည်က ပန်းတွေကို အဓိကသွင်းတယ်။ ပန်းအလှထိုးတဲ့ပညာ ကျောင်းတွေတက်ပြီး ဝါသနာပါတာပေါ့။ ဟဲဟိုးမှာ တွေ့ခဲ့တဲ့ ပန်းစိုက်ခင်းက မြန်မာနိုင်ငံမှာ ပထမဦးဆုံး စိုက်ပျိုးတဲ့ လီလီပန်းပါ။ ဒီပန်းက တရုတ်ပြည်ကပဲ လာလာ၊ ဘယ်ကပဲလာလာ ဟော်လန်က Seed ကို ထုတ်ပြီးတော့ ရောင်းတာပေါ့။ ဟော်လန် ဆိုတာကလည်း နိုင်ငံတနိုင်ငံလုံးရဲ့ စီးပွားရေးက ပန်းပဲ။ လီလီပန်းရဲ့ မျိုးစေ့ကို သူတို့ဆီမှာ Register လုပ်ပြီး ဝယ်ရတယ်။ ဝယ်ပြီးလို့ သွင်းမယ့်နိုင်ငံတွေကလည်း ကိုယ့်အစိုးရမှာ တရားဝင်သွင်းခွင့် လုပ်ရတယ်။ တရုတ်ပြည်ကတော့ လီလီပန်းမျိုးဥကို တနှစ် ၁၅ သန်းလောက် ဝယ်တယ်ပြောတယ်။ ဒီပန်းမျိုးဥက မျိုးပွားလို့ မရဘူး”လို့ ပြောပါတယ်။

လီလီပန်းများသည် လက်ရှိ ပြည်တွင်းဈေးကွက်မှာ တခက်ကို ၁၂၀၀ ကျပ်နဲ့အထက် ပေါက်ဈေးရှိကြောင်း၊ ပြည်တွင်းဈေးကွက်ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးကို ကနဦး အားထားနေပြီး အရည်အသွေးပြည့်မီပါက ပြည်ပကို Export တင်ပို့သွားမှာ ဖြစ်ပါတယ်။ ပန်းတွေကို အပူ အအေး ထိန်းညှိပေးတဲ့အနေနဲ့ အကျယ် ၁၆ ပေ၊ အရှည် ပေ ၈၀ (သို့မဟုတ်) ပေ ၁၀၀ Green House တွေနဲ့ စိုက်ပျိုးထားပါတယ်။၊ ပေ ၁၀၀ အရှည် အကျယ် ၅ ပေ ရှိတဲ့ Green House တခုမှာ အပင် ၁၂၀၀ ခန့် စိုက်ပျိုးနိုင်တယ်လို့ သိရပါတယ်။

လွင်မိုး စိုက်ပျိုးတဲ့ လီလီပန်းစိုက်ခင်းက ခြံမန်နေဂျာက ကိုစိုးသူက “လီလီပန်းက ရေတမျိုးတော့ ကြောက်တယ်။ အစိုဓာတ်ရှိနေပြီဆိုရင် ရေကို ထပ်ပြီး အပင်တွေကို မကျွေးဖို့ လိုတယ်။ ရန်ကုန်မှာတော့ လီလီတခက်ကို ၅ ပွင့်လောက် ပါတယ်ဆိုရင် ၁၂၀၀၊ ၁၅၀၀ နဲ့ ဝယ်ကြတယ်။ ကျနော်တို့ Market (ဈေးကွက်) အနေနဲ့ ဖြန့်ရင် ၁၀၀၀ ဝန်းကျင်နဲ့ ဖြန့်ပါတယ်။ ဒီပန်းတွေက တခြားပန်းနဲ့ မတူတာက တပတ်လောက်ခံတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လီလီပန်း စိုက်ပျိုးလိုတဲ့ ဒေသခံတွေကိုလည်း နည်းပညာတွေ ပြန်လည်မျှဝေပေးမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ စိုက်ခင်းကို တောင်သူတွေအနေနဲ့ တနေ့ကို သုံးလေးယောက်လောက် လာပြီး လေ့လာတယ်။ ကျနော်တို့ Quality (အရည်အသွေး) အောင်မြင်သွားတယ်ဆိုရင် ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ဒေသခံတွေကို တိုက်တွန်းချင်တာက ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ နည်းပညာတွေယူ၊ လာစိုက်ကြ။ ကျနော်တို့က နည်းပညာရော၊ လူအင်အားရော Support (အထောက်အပံ့)ပေးမယ်။ အရမ်းကို ကောင်းမွန်တဲ့ ဈေးကွက်ရှိတယ်ဆိုတာ ကျနော် သိနေတယ်။ တောင်သူတွေကို စိုက်စေချင်တယ်။”

အဆိုပါပန်းမျိုးဥများကို အနိမ့်ဆုံး ၅၀၀ မှ ၇၀၀ အထိ ပေးဝယ်ရပြီး စိုက်ခင်း ၁ ဧကအတွက် သိန်း ၅၀၀ ဝန်းကျင်လောက် ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။

လီလီပန်းတွေကို သားဆက် ၃ ဆက်အထိ ရရှိနိုင်ပြီး ပထမ သားဆက်မှာ အများဆုံး ပန်းပွင့် ၉ ပွင့်အထိ ရရှိနိုင်ကြောင်း၊ စတင်စိုက်ပျိုးပြီး သုံးလအကြာမှာ ပထမသားဆက် ခူးပြီးပါက မျိုးဥကို အခြောက်ခံရန် နှစ်လခြားပြီး ဒုတိယသားဆက် စိုက်ပျိုးရတယ်လို့ သိရပါတယ်။ လီလီပန်းတွေကို ဟော်လန်နဲ့ တရုတ်နိုင်ငံတို့မှာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013