DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်​​ရောဂါ တိုက်​ဖျက်​​ရေး​နေ့ မြင်းခြံတွင်​ ပြုလုပ်
DVB
·
December 1, 2017
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်​​ရောဂါ တိုက်​ဖျက်​​ရေး​နေ့ မြင်းခြံတွင်​ ပြုလုပ်
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူထုလမ်းလျှောက်ပွဲကို ဒီကနေ့ မနက် ၆ အချိန်က မြင်းခြံခရိုင်ဆေးရုံကနေ မဏိကဉ္စနာခန်းမရှေ့ ဗိုလ်ချုပ်ကြေးရုပ်အထိ လမ်းလျှောက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

လမ်းလျှောက်ပွဲကို မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီဌာန ခုခံ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့၊ ပြည်ကြီးခင်၊ ချမ်းမြေ့မေတ္တာ၊ ကိုယ့်အားကိုယ်ကိုးအဖွဲ့နဲ့ The Union အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့တာပါ။

ခုခံအားကျဆင်းမှု၊ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဖြူမာမြင့်က “ကျမတို့ ခုခံအားကျဆင်းမှု ကာလသားရောဂါ တိုက်ဖျက်ရေးနေ့ဆိုတာ အရင်တုန်းကတည်းက ကမ္ဘာ့ခုခံအားကျဆင်းရေး ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားပွဲတွေ ၁၉၉၀ လောက်ကတည်းက စတင်ကျင်းပခဲ့တာပါ။ ဒီနေ့ အခမ်းအနားပွဲတွေ ပြုလုပ်ရတာကလည်း HIV/AIDS ကွယ်လွန်သွားတဲ့သူတွေကို အမှတ်တရ ရှိဖို့ရယ်၊ ကျမတို့ ဒီကမ္ဘာမြေကြီးမှာ HIV/AIDS ကူးစက်ပြန့်ပွားမှုတွေကို ကာကွယ်တားဆီးဖို့ရယ်၊ နောက်တခါ HIV/AIDS ကူးစက်ခံနေရသူတွေကို ခွဲခြားနှိမ့်ချ ဆက်ဆံတာတွေကို ကင်းစင်သွားဖို့ရယ်၊ နောက်ပြီး HIV/AIDS ရှိနေတဲ့သူတွေဟာ ဆေးဝါးကုသမှု မြန်မြန်ခံယူနိုင်ဖို့ရယ်၊ အဲ့လို စိတ်ကူးတွေ ရည်ရွယ်ပြီးတော့ ကျမတို့က ကာကွယ်တားဆီးရေးလုပ်ငန်းစဉ် တဖက်က လုပ်ရင်းနဲ့ ခုလို အခမ်းအနား ပြုလုပ်ကြတာပါ။”

လက်ရှိအနေအထားအရ HIV/AIDS ရောဂါဝေဒနာရှင်တွေ အနည်းငယ် လျော့နည်းသွားပြီး တီဘီရောဂါ ဝေဒနာရှင်တွေ ပိုတိုးလာတယ်လို့လည်း သိရပါတယ်။

“ကျမဆို ၂၀၀၉ ထဲက ဆေးသောက်ရတာပါ။ အရင်တုန်းက မြင်းခြံမှာ အစိုးရဌာနတွေနဲ့ NGO တွေက မပေးနိုင်သေးဘူးတော့ အပြင်က ဝယ်သောက်ခဲ့ရတာပေါ့။.အခု ၂၀၁၁ ကစပြီး Union ကနေ မြင်းခြံဆေးရုံမှာ စပေးတော့ အဲ့ဒီကနေ ဆေးရရှိခဲ့တာပါ။ ဆေးစသောက်ခါစကတော့ ကိုယ်ခံအားနည်းနေတဲ့အချိန်ဆိုတော့ ဆိုက်အဖက်တွေ ရှိတာပေါ့။ ဒါပေမယ့် အခုအချိန်မှာတော့ HIV ပိုးထိန်းဆေးကို သောက်နေတဲ့အတွက် လူ့ဘဝ သက်တမ်းစေ့ နေလို့ရပါတယ်။ အခက်အခဲကတော့ ခုချိန်တော့ မရှိတော့ပါဘူး။ အရင်တုန်းကတော့ ခက်ခဲပါတယ်။ ခုဆိုရင် ရောဂါစစ်လိုက်လို့ ရောဂါပိုးရှိနေတယ်ဆိုတာနဲ့ ဆေးချက်ချင်း ရရှိတာမို့ အဆင်ပြေပါတယ်။ ကျမ ပြောချင်တာက HIV ပိုးဆိုတာက စစ်ကြည့်မှ သိမှာဆိုတော့ စောစောစစ်ပါ၊ စောစောသိရင် စောစောကုသလို့ ရပါတယ်။ လူ့ပတ်ဝန်းကျင်မှာလည်း အခြေအနေ မပျက်ဘူးပေါ့နော်၊ ဒီဆေးသောက်ပြီး လူ့ဘဝတလျှောက်လုံး သက်တမ်းစေ့ နေနိုင်ပြီး မိမိအလုပ်တွေကိုလုပ်ပြီး လူနေမှုအဆင့်အတန်း မြင့်လာမှာပါ” လို့ HIV ဆေး သောက်နေသူ မသဲသဲက ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လမ်းလျှောက်ပွဲအခမ်းအနားကို သက်ဆိုင် တာဝန်ရှိသူတွေ၊ အရက်ဘက်အဖွဲ့အစည်းတွေ၊ ဆေးသောက်နေရတေဲ့ ရောဂါဝေဒနာရှင်တွေ စုစုပေါင်း လူ ၁၀၀ ကျော်လောက် ပါဝင်ခဲ့ကြပါတယ်။

သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013