DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့ပေါ်တွင် ပစ္စတိုသေနတ်နှင့် ကျည်ဆန်များ ဖမ်းမိ
DVB
·
December 1, 2017
မောင်တောမြို့ပေါ်တွင် ပစ္စတိုသေနတ်နှင့် ကျည်ဆန်များ ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်၊ မြို့မအနောက်ရပ်ကွက်ထဲမှာ နိုဝင်ဘာလ ၃၀ ရက်ညက ပစ္စတိုသေနတ် ၁ လက်နဲ့ ကျည်ဆန် ၂၃ တောင့် ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင် ရဲတပ်ဖွဲ့က သိရပါတယ်။

မြို့မအနောက်ရပ်ကွက်ထဲက နေအိမ်တလုံးမှာ လက်နက် သိုဝှက်ထားကြောင်း သတင်းရလို့ မောင်တောခရိုင် ရဲတပ်ဖွဲ့က ဒုရဲအုပ်အောင်သူရ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက သက်သေတွေ ခေါ်ယူပြီး ဂျော်မီ (ခေါ်) ဇော်မီအာမက်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာပါ။

ရှာဖွေရာမှာ အိမ်နောက်ဘက် အိမ်သာပိုက်အောက်မှာ အဝတ်နဲ့ ပတ်ပြီး မြေမြှုပ်ထားတဲ့ အမေရိကန်နိုင်ငံလုပ် ပစ္စတို ၁ လက်၊ ကျည်အိမ်နဲ့ ကိုးမီလီမီတာ (9mm) ကျည် ၂၃ တောင့်ကို တွေ့ရသလို အိမ်ရှင်နဲ့ သားဖြစ်သူတို့ကလည်း သေနတ်ကို ရဲတပ်ဖွဲ့ကို အပ်နှံပြီး အဖမ်းခံခဲ့ပါတယ်။

အိမ်ရှင် ဂျော်မီနဲ့ သားဖြစ်သူ စိုးနိုင်ကျော်တို့ကို မောင်တောမြို့မရဲစခန်းမှာ စစ်ဆေးနေပြီး ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

ဓာတ်ပုံ - ဆရာစံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013