DVB Logo
Home
မြန်မာသတင်း
ဒေသထွက် ဝါးခမောက်များ အသုံးပြုမှုနည်းသဖြင့် ဝါးခမောက်လုပ်ကိုင်သူများ အခက်ကြုံ
DVB
·
December 1, 2017
ဒေသထွက် ဝါးခမောက်များ အသုံးပြုမှုနည်းသဖြင့် ဝါးခမောက်လုပ်ကိုင်သူများ အခက်ကြုံ
Donate to DVB

ပြည်တွင်းထုတ် ဝါးခမောက်တွေ ဝယ်ယူအသုံးပြုမှု ကျဆင်းလာတာကြောင့် လုပ်ငန်းရပ်ဆိုင်းရမယ့် အနေအထားနဲ့ ကြုံတွေ့နေရတယ်လို့ ဖြူးမြို့နယ်အတွင်းက ဝါးခမောက်လုပ်ကိုင်သူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်တာကာလအတွင်း ဝါးခမောက် အသုံးပြုသူ နည်းပါးလာသလို ဝါးခမောက် ပြုလုပ်ရာမှာ အဓိကအသုံးပြုရတဲ့ ကုန်ကြမ်း ဝါးဈေးနဲ့ ဝါးဖတ်ဈေးတွေကလည်း မြင့်တက်လာတယ်လို့ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူ ဦးစိုးဝင်းက ပြောပါတယ်။

"အရင်နှစ်က ဝါးတလုံးကို ကျပ် ၉၀၀ ဝယ်ရတယ်။ အခုနှစ်မှာ ၁၂၀၀ ဖြစ်သွားတယ်။ ဝါးဖတ်ကလည်း အရွက်ငါးရာ ၁ ထုပ်ကို အရင်နှစ်က ၇၀၀၀ ၊ အခုနှစ်မှာ ၉၀၀၀ ဖြစ်နေတယ်။ ပြီးတော့ အလုပ်သမားကလည်း ရှားလာတယ်။ ခမောက်က လယ်လုပ်တောင်သူကို အားကိုးပြီး ရောင်းရတာ အခုလယ်လုပ်ငန်းက စက်နဲ့ဆိုတော့ လယ်လုပ်တဲ့ အလုပ်သမားက မရှိတော့ ဝယ်လိုအားကျလာတာပေါ့။ အရင်က ဒီအချိန်ဆို အော်ဒါမှာထားတဲ့ ဆိုင်တွေက မနည်းဘူး။ ဒီနှစ်တော့ အလုံးရေ တော်တော်ကျသွားတယ်။ ဒီတော့ လုပ်ငန်းတောင် ရပ်ရမလို ဖြစ်နေပြီ"လို့ပြောပါတယ်။

ဝါးခမောက်လုပ်ငန်းကို မှီခိုပြီး လုပ်ကိုင်နေကြရတဲ့ ခမောက်ချုပ် လုပ်သားတွေအနေနဲ့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ခမောက်ချုပ်တဲ့ အလုပ်သမတဦးက "အရင်နှစ်တွေကဆို ကျမတို့ ခမောက်ချုပ်ခက တနေ့ကို လေးထောင်၊ ငါးထောင် ရတယ်လေ။ အဲဒီတော့ မိသားစုစားဝတ်နေရေး အဆင်ပြေတယ်။ ဒီနှစ်ကတော့ အော်ဒါနည်းတော့ ပိုင်ရှင်ကလည်း အလုပ်သိပ်မပေးနိုင်တော့ ကျမတို့ တနေ့ ဝင်ငွေလည်း ကျလာတာပေါ့"လို့ ပြောပါတယ်။

ဖြူးမြို့နယ်ထဲမှာ လယ်လုပ်သူအများစုဟာ ဒေသထွက် ခမောက်တွေကိုသာ အသုံးပြုကြပြီး ပြီးခဲ့တဲ့နှစ်က ခမောက် အလုံးရေ သောင်းနဲ့ချီချုပ်ရာက အခုနှစ်မှာတော့ ထောင်ဂဏန်းသာ ချုပ်ရတယ်လို့ ဆိုပါတယ်။ ခမောက်တလုံး ရောင်းဈေးကတော့ ကျပ် ၈၀၀ မှ ၁၂၀၀ ကျပ်လောက် ရှိပါတယ်။

သတင်း- ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013