DVB Logo
Home
မြန်မာသတင်း
ထိုင်းမိသားစု ၄ ဦး အသတ်ခံရမှုတွင် မြန်မာအလုပ်သမား ၅ ဦး ပါဝင်၊ ၁ ဦး ဖမ်းမိ (ရုပ်သံ)
DVB
·
November 30, 2017
ထိုင်းမိသားစု ၄ ဦး အသတ်ခံရမှုတွင် မြန်မာအလုပ်သမား ၅ ဦး ပါဝင်၊ ၁ ဦး ဖမ်းမိ (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင် ဘန်ဆဖန်းနွဲ့မြို့နယ်ရှိ ရာဘာခြံတခုတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ရာဘာစေးခြစ်တဲ့ ထိုင်းအလုပ်သမားမိသားစုဝင် ၄ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၅ ဦး ပါဝင်ပတ်သက်နေတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါ မြန်မာအလုပ်သမားတွေထဲက တဦးဖြစ်တဲ့  အသက် ၂၅ နှစ်ရွယ် နိုင်ဒဲန်း ဆိုသူကို တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဘန်ဆဖန်းမြို့ထဲမှာဘဲ ဖမ်းဆီးရမိခဲ့ပြီး  လူသတ်မှု ပူးပေါင်းကျူးလွန်သူ ၅ ဦးရှိတယ်လို့ အမှတ် ၇ တိုင်းဒေသ ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ချလိုမ်ကလစ်က သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ဒဲန်ကို စစ်ဆေးမေးမြန်းချက်အရ လူသတ်မှုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွား ခဲ့ကြောင်း၊ အဲဒီနေ့က သူတို့  ၅ ဦးနဲ့ အသတ်ခံရသူ နိုင်းအမ်ဖွန်တို့ဟာ အိမ်ရှေ့မှာ အရက်ဝိုင်း ဖွဲ့စဉ် နိုင်းအမ်ဖွန်မှ သူတို့ထံ ငွေ ၂ ထောင်ချေးထားပြီး ပြန်မဆပ်တဲ့ ကိစ္စနဲ့ စကားများ ရန်ဖြစ်ရာက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့  ဆိုပါတယ်။

နိုင်အမ်ဖွန်၊ ဇနီးနဲ့ သူ့ဖခင်တို့ကို သူ့သူငယ်ချင်း နိုင်အလွန်၊ နိုင်မွန် နဲ့ နောက် ၂ ယောက်က ဓားနဲ့ခုတ်တာဖြစ်ပြီး သူကတော့ အသက် ၅ နှစ်ရွယ်ကလေးကို သတ်ခဲ့တယ်လို့ နိုင်ဒဲန်က ၀န်ခံသွားပါတယ်။

၅ နှစ်အရွယ်မိန်းကလေးမှာ အိမ်ထဲက ထွက်ပြေးလာလို့ သူက ဓားနဲ့ လိုက်ခုတ်ပြီး သေ သွားတော့ အလောင်းကို အိမ်ထဲဆွဲလာကာ သူ့မိဘအလောင်းတွေနဲ့အတူ ထားခဲ့တာလို့ ဆိုပါ တယ်။

သူနဲ့အတူ ကျူးလွန်တဲ့သူတွေဟာ ဆင်းခွမ်နယ်စပ်ကနေ မြန်မာပြည်ထဲ ထွက်ပြေးသွားပြီလို့ နိုင်ဒဲန်က ပြောဆိုပေမယ့် ရဲက ယုံကြည်မှုမရှိဘဲ ဆက်လက်ရှာဖွေနေပါတယ်။

ဒီအမှုဟာ ကြားရသူတိုင်း တုန်လှုပ်စေတဲ့ အလွန်ရက်စက်သော လူသတ်မှုဖြစ်တာကြောင့် တရားခံတွေကို အမိအရလိုက်ရှာပြီး အရေးယူအပြစ်ပေးရမှာဖြစ်ကြောင်း၊ တဖက်နိုင်ငံကို ထွက်ပြေးသွားပေမယ့် ဖမ်းဆီးလို့ရနိုင်တဲ့ နည်းလမ်းတွေရှိတယ်လို့ ရဲမှူးကြီး ချလိုမ်ကလစ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013