DVB Logo
Home
မြန်မာသတင်း
အရာတော်တွင် စည်ပင်က တရားစွဲဆိုမည့်အပေါ် တကိုယ်တော်ဆန္ဒပြ
DVB
·
November 30, 2017
အရာတော်တွင် စည်ပင်က တရားစွဲဆိုမည့်အပေါ် တကိုယ်တော်ဆန္ဒပြ
1 / 8
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့၊ အမှတ် ၃ ရပ်ကွက် မြေကွက်သစ်ာ ပေ ၅၀ လမ်းပေါ်မှာ သံဆူးကြိုးဝင်းထရံကာလို့ဆိုပြီး မြို့နယ်စည်ပင်က ပုဒ်မ ၁၆ (ခ) နဲ့ တရားစွဲဆိုမယ့်အပေါ်  မကျေနပ်လို့  ဒီကနေ့ တကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။

မူလက ဒေါ်စန်းစန်းမြင်  ပိုင်ဆိုင်တဲ့ ကွင်းအမှတ် ၅၃၁ ထင်းပေါက်ကွင်း ၄ ဧကပေါ်မှာ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ မြို့နယ်အဆင့်တာဝန်ရှိသူတွေက ကွက်သစ်ဖော်ဆောင်ဖို့ မြေကွက်ရိုက်လမ်းဖောက်တာတွေ ပြုလုပ်ခဲ့တာပါ။

သူ့သဘောဆန္ဒမပါဘဲနဲ့ ဒီလိုလုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး အရင် မြို့နယ်စီမံကိန်းဦးစီးဌာနနဲ့ နဲ့မြေစာရင်းက တာဝန်ရှိသူတွေကို ဒေါ်စန်းစန်းမြင့်က ပြန်လည် အမှုဖွင့်တိုင်တန်းထားပါတယ်။

ဆန္ဒပြတဲ့ ဒေါ်စန်းစန်းမြင့်က "ကျမတို့ဘိုးဘွားပိုင်မြေပေါ်မှာ ကျမ သဘောဆန္ဒမပါဘဲ လမ်းဖောက်လို့ တရားစွဲထားတဲ့ စီမံကိန်းဦးစီးဌာနက ဦးထွန်းနေစိုး၊ မြေစာရင်းက ဦးဟန်မျိုးဝင်း၊ ဒုဦးစီး ဦးကျော်ကျော်ဦးတို့ ၃ ဦးကို တရားစွဲထားတာကျတော့ အလေးမထားဘူး။ မြေယာကော်မတီဘက်က အားပေးအားမြှောက်ပြုတယ်။ မြေစာရင်းကိုလည်း တိုင်စာ ဘယ်လောက်တင်တင် အရေးယူဖြေရှင်းပေးတာမရှိဘူး။ အခုစည်ပင်က စာပို့တာ ၂ စောင်ရှိပြီ။ အထက်လူကြီးတွေ အမှားအမှန်ကို စဉ်းစားပေးစေချင်တယ်။ တောင်သူတွေ ဒုက္ခမရောက်အောင်။ ဒါကြောင့်မို့ စည်ပင်ကော၊ ဌာနဆိုင်ရာလူကြီးတွေရော ကျမအမှုဖွင့်ထားတဲ့ဖက်က ဘက်မလိုက်ဖို့ တောင်းဆိုတဲ့အနေနဲ့ဆန္ဒပြရတာပါ။"လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်စည်ပင် ဥက္ကဋ္ဌ ဦးသန်းရွှေက "သူတဦးထဲကိုမှမဟုတ်ပါဘူး။ စည်ပင်သာယာခွင့်ပြုချက်မရှိဘဲနဲ့ ဆောက်တဲ့ အဆောက်အဦမှန်သမျှကို လှည့်လည်ကြည့်ရှု စစ်ဆေးတွေ့ရှိတဲ့အခါပဲ ဖြစ်ဖြစ်၊ တွေ့ရှိလို့ စည်ပင်ကော်မတီကို ဘယ်လိုအရေးယူမလဲဆိုပြီး တင်ပြလာတဲ့အခါ စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆောက်တာတွေဆိုရင် စည်ပင်ဥပဒေ ၁၆(က)နဲ့ငြိတယ်ပေါ့။ ကနဦး ဖြေရှင်းချက်တောင်းတယ်။ အခုလည်း အဲဒီအတိုင်းပါပဲ။"လို့ ပြောပါတယ်။

မြို့နယ်စည်ပင်အနေနဲ့ ဒေါ်စန်းစန်းမြင့်ကို နှုတ်မိန့်နဲ့တစ်ကြိမ်၊ စာနဲ့ ၂ ကြိမ်လာရောက်ဖြေရှင်းဖို့ အကြောင်းကြားထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒေါ်စန်းစန်းမြင့်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကပြေလည်အောင် မဖြေရှင်းပေးနိုင်ရင် နေပြည်တော်ထိ သွားရောက်ဆန္ဒဖော်ထုတ်မယ်လို့ ဆိုပါတယ်

သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013