DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် တရားမဝင် ရွှေတူးဖော်နေသည့် အမျိုးသား ၁၂ ဦး ဖမ်းမိ
DVB
·
November 30, 2017
အင်းတော်တွင် တရားမဝင် ရွှေတူးဖော်နေသည့် အမျိုးသား ၁၂ ဦး ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နမီးချောင်းအတွင်း တရားမဝင်ရွှေတူးဖော်နေတဲ့ အမျိုးသား ၁၂ ဦးနဲ့ ရွှေတူးဖော်ရမှာအသုံးပြုတဲ့ စက်တွေ နိုဝင်ဘာ ၂၉ ရက်မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အင်းတော်မြို့နယ်တာဝန်ရှိသူတွေနဲ့ မော်လူးနယ်မြေ ရဲကင်းစခန်းမှူးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နားမကျိုင်းကျေးရွာရဲ့ မြောက်ဘက် ၃ မိုင်လောက်အကွာ နမီးချောင်းအတွင်း တရားမဝင်ရွှေတူးဖော်နေသူ ၁၂ ဦးနဲ့အတူ တရုတ်နိုင်ငံလုပ် ဂျင်ဒေါင်း အင်ဂျင် ၇ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိခဲ့တာလို့ အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးက ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်ရွှေတူးဖော် နေသူ ၁၂ ဦးအား အင်းတော်မြို့နယ် မော်လူးနယ်မြေရဲစခန်းမှ မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (ခ) အရ အရေး ယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ စက် ၇ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သယ်ယူနိုင်ဖို့ ဆောင်ရွက်နေကြာင်း အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဆွေညွန့်က ပြောပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013