DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု ၅ နှစ်ပြည့် အခမ်းအနား ပြုလုပ်
DVB
·
November 30, 2017
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု ၅ နှစ်ပြည့် အခမ်းအနား ပြုလုပ်
Donate to DVB

လက်ပံတောင်းတောင် သပိတ်စခန်း မီးလောင်ဗုံး အကြမ်းဖက်ဖြိုခွဲခံရခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် ဆုတောင်းပွဲကို ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာအနီး အင်ကြင်းတောင်ပေါ်စေတီမှာ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။

ဆုတောင်းပွဲမှာ သံဃာတော်အရှင်သူမြတ်တွေ ကျန်းမာပါစေ၊ ဒဏ်ရာတွေအမြန်ဆုံး ပျောက်ကင်းပါစေ၊ မီးလောင်ဗုံးသုံးအကြမ်းဖက်သမားတွေကို အမြန်ဆုံးအရေးယူနိုင်ပါစေ၊ အာဏာယစ်မူး ဝိသမလောဘသမားများ ကျရှုံးပါစေ၊ သိမ်ဖြိုစေတီဖျက်တဲ့သူများ ကျဆုံးပါစေ၊ ငရဲသို့ အမြန်ဆုံးရောက်ပါစေလို့ ကြွေးကြော်ခဲ့ကြပါတယ်။

မီးလောင်ဗုံးသုံး အကြမ်းဖက်ဖြိုခွဲတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်တဲ့အပြင် မီးလောင်ဗုံး မဟုတ်ဘဲ မီးခိုးဗုံးသာဖြစ်တယ်လို့လည်း ဖြေရှင်းထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန္ဒပြသပိတ်စခန်းကို ၂၀၁၂ ခု နိုဝင်ဘာ ၂၉ ရက်နေ့မှာ အာဏာပိုင်တွေက အင်အားသုံး မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့တာဖြစ်ပြီး မီးလောင်ဗုံးကြောင့် သံဃာတော်တချို့ သေရာပါဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013