DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးမှ ထွက်ရှိသည့် အမှိုက်များကို သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်မည်
DVB
·
November 30, 2017
ကျိုက်ထီးရိုးမှ ထွက်ရှိသည့် အမှိုက်များကို သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်မည်
Donate to DVB

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်ရှိ ဘုရားဖူးတွေနဲ့ ဈေးဆိုင်ခန်းတွေက စွန့်ပစ်တဲ့ အမှိုက်တွေကို သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်နိုင်ဖို့  ပညာရှင်တွေနဲ့ တိုင်ပင် ဆောင်ရွက်သွားမယ်လို့ ဂေါပကအဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က ပြောပါတယ်။

“အဓိကကတော့ အမျိုးအစားခွဲမယ်၊ အမျိုးအစားခွဲပြီးတော့ မြေသြဇာလုပ်လို့ရတဲ့ဟာ လုပ်မယ်။ မြေသြဇာအဖြစ် အသုံးပြုလို့မရတဲ့ဟာတချို့ကတော့ တောင်အောက်ပို့မယ်။ သဘောက ဒီအမှိုက်ကြီးကို အကုန်လုံး သယ်တာထက် အမျိုးအစား ခွဲခြားပြီးသယ်တော့ ဝန်အများကြီး ကျဉ်းသွားတာပေါ့။"

စွန့်ပစ်တဲ့ အမှိုက်တွေကို အမျိုးအစားခွဲပြီး မြေသြဇာထုတ်လုပ်နိုင်ဖို့အတွက် နိုဝင်ဘာ ၂၉ ရက်က ပဲခူးမြို့မှ ပညာရှင်တဦးနဲ့အတူ ကျိုက်ထီးရိုးတောင်ပေါ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က “အခုကတော့ ပထမအကြိမ်ပေါ့ အကြမ်းဖျင်းပါပဲ။ နောက်တခါကျမှ ပညာရှင်တွေနဲ့ Research လာလုပ်ပြီးတဲ့အခါကျမှ ဘယ်လိုလုပ်ကိုင်မယ် ဘယ်လို ဆောင်ရွက်သွားမယ်ဆိုတာကို အသေးစိတ်သိရမှာပေါ့”လို့ ပြောပါတယ်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဘုရားဖူးတွေနဲ့ ဈေးဆိုင်ခန်းတွေက စွန့်ပစ်တဲ့ အမှိုက်တွေဟာ ဘုရားဖူးများတဲ့ အချိန်များတွင် တနေ့တာအတွင်း အမှိုက်တန်ချိန် ၅ တန်မှ ၁၀ တန်နီးပါး ထွက်ရှိပြီး နေ့စဉ် ပျမ်းမျှ နှစ်တန်ခန့် ထွက်ရှိတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် တဦးက ပြောပါတယ်။

“လောလောဆယ် တောင်ပေါ်မှာ အမှိုက်စွန့်ပစ်တဲ့နေရာ ၅ ခု ခွဲထားတယ်။ သတ်မှတ်ထားတဲ့ နေရာမှာ စွန့်ပစ်ကြဖို့နဲ့ လိုက်နာမှုမရှိရင် ဒဏ်ငွေချမှတ်တဲ့ အစီအစဉ်တွေတော့ လုပ်ဆောင်ထားတယ်"လို့ ဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောပါတယ်။

ကျိုက်ထီးရိုးဘုရား ရင်ပြင်သန့်ရှင်းရေး ဆောင်ရွက်ဖို့ ဝန်ထမ်း ၅၀ ကျော်ကို ခန့်အပ်ထားကာ တနေ့ သုံးကြိမ် သတ်မှတ်နေရာတွေမှာ အရင်နည်းလမ်းအတိုင်း ချောက်တွေထဲကို လျှောလမ်းပြုလုပ်ပြီး စွန်ပစ်တဲ့စနစ်နဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ဟိန်းထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013