DVB Logo
Home
မြန်မာသတင်း
ခေါက်ဆွဲဖတ်တွင် ကင်ဆာဖြစ်စေနိုင်သည့် တားမြစ် Borax ပစ္စည်း ပထမဆုံး တွေ့ရှိ
DVB
·
November 30, 2017
ခေါက်ဆွဲဖတ်တွင် ကင်ဆာဖြစ်စေနိုင်သည့် တားမြစ် Borax ပစ္စည်း ပထမဆုံး တွေ့ရှိ
Donate to DVB

ခေါက်ဆွဲဖတ်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ တားမြစ် Borax  ပစ္စည်းသုံးထားတာ ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်မှာ တိုင်းအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန ဝန်ထမ်းတွေ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေးမှာ ကွင်းဆင်းစစ်ဆေးရင်း တွေ့ရှိခဲ့တာဖြစ်ပြီး ခေါက်ဆွဲဖတ် ထုတ်လုပ်သူတွေနဲ့ ရောင်းချသူတွေကို သတိပေးထားတယ်လို့ ဒေါက်တာမင်းဝန်က ပြောပါတယ်။

“တွေ့တာကတော့ ဆိုင်တွေမှာ တွေ့တယ်၊ ဆိုင်တွေမှာတွေ့တော့ သူတို့ ဘယ်က ဝယ်လာသလဲဆိုတဲ့ ပင်ရင်းကို လိုက်တယ်၊ ပင်းရင်းကို လိုက်ပြီးတော့ ပထမဆုံးတော့ ပညာပေးပေါ့၊ ပညာပေး ကတိခံဝန်ပေါ့၊ ရှိနေတဲ့ပစ္စည်းမှာ ထပ်ပြီးစစ်လို့ ထပ်တွေ့တယ်ဆိုရင် အဲဒါတွေ အကုန်လုံးသိမ်းပြီး ဖျက်ဆီးပစ်လိုက်တယ်။”

ကာလတခုခြားပြီး သွားထပ်စစ်လို့ ထပ်တွေ့တယ်ဆိုရင်တော့ တိုင်း FDA က တရားစွဲတယ်လို့ ပြောပါတယ်။

မင်္ဂလာဒုံဈေးရှိ စားသောက်ကုန် ရောင်းချတဲ့ ဈေးဆိုင်တွေက စားသောက်ကုန် ၂၇ မျိုးကို ဈေးကွက်နမူနာ ဝယ်ယူပြီး ၁၉ မျိုးကို စစ်ဆေးခဲ့ရာမှာ မုန့်ဖတ်၊ နန်းကြီး၊ ညှပ်ခေါက်ဆွဲဖတ်တွေမှာ ခွင့်မပြု ဓာတုပစ္စည်းတွေ ဖော်မလင် သုံးစွဲထားတာ မတွေ့ရဘဲ ခေါက်ဆွဲ  ၄ မျိုးမှာ တားမြစ် Borax သုံးစွဲထားတာ တွေ့ခဲ့ရတာပါ။

တားမြစ် Borax  ပစ္စည်းကို ရေရှည်စားသုံးမိရင် မူးဝေအော့အန်တာမျိုး ဖြစ်တတ်သလို ကင်ဆာရောဂါ ဖြစ်ပွားတတ်တယ်လို့ ဆိုပါတယ်။

အစားအသောက်တွေမှာ တားမြစ်ပစ္စည်း သုံး၊ မသုံးကို  ရန်ကုန်တိုင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တလကို လေးကြိမ်၊ ခရိုင်စစ်ဆေးရေးအဖွဲ့တွေက တလကို လေးကြိမ် စုစုပေါင်း တလကို ၈ ကြိမ် ပုံမှန်ကွင်းဆင်းစစ်ဆေးနေပါတယ်။

Photo : YGN FDA

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013