DVB Logo
Home
မြန်မာသတင်း
ညောင်တုန်းနှင့် ဝါးခယ်မမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျပြီး နေအိမ်အချို့ ရွှေ့ပြောင်းရ
DVB
·
November 30, 2017
ညောင်တုန်းနှင့် ဝါးခယ်မမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျပြီး နေအိမ်အချို့ ရွှေ့ပြောင်းရ
1 / 2
Donate to DVB

ဧရာဝတီတိုင်း ညောင်တုန်းနဲ့ ဝါးခယ်မမြို့နယ်တွင်းက ကျေးရွာ၂ ရွာမှာ နိုဝင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းကစပြီး ဧရာဝတီမြစ်ရေ တိုက်စားတာကြောင့် မြစ်ကမ်းပါး ပြိုကျနေပြီး လူနေအိမ်တချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရပါတယ်။

ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာ မြစ်ကမ်းပါးတွေ ပြိုနေတာကြောင့် နေအိမ် ၂ လုံးကို လတ်တလော ဖျက်ထားရပြီး ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်း ကျေးရွာမှာလည်း နေအိမ် ၁၁ လုံးကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ခဲ့ရကာ လူနဲ့ တိရစ္ဆာန်တွေတော့ သေဆုံး ဒဏ်ရာရတာ မရှိဘူးလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက “ အခုအချိန်ကတော့ နည်းနည်းစီ အိပြီး ပြိုတာပေါ့။ အိမ်တွေ ဖျက်ယူရတာပဲ ရှိပါတယ်။ ကမ်းပါးပြိုတဲ့အထဲကို အိမ်အလုံးလိုက် ပါသွားတာတော့ မရှိဘူး။ ဧရာဝတီမြစ်ရေ တိုက်စားတာကြောင့် ကမ်းပြိုတာတော့ အမြဲတမ်းပြိုနေတယ် ကယ်ဆယ်ရေးကလည်း ကမ်းပြိုတာကို အမြဲတမ်း ထောက်ပံ့ပေးနေပါတယ်။ ဖျက်ရတဲ့ အိမ်တအိမ်ကို ၁ သိန်းစီရယ် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးနဲ့ တပတ်စာ ဆန်ထောက်ပံ့ပေးပါတယ်”လို့ ပြောပါတယ်။

မြစ်ကမ်းပါးပြိုကျတာကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ မိသားစုတွေကိုတော့ အုပ်ချုပ်ရေး၊ ရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေက ကူညီပြောင်းရွှေ့ပေးခဲ့ပြီး အိမ်ဖျက်ရတဲ့ မိသားစုဝင်တွေကိုတော့ ကျေးရွာအတွင်းပိုင်းမှာ ယာယီတဲတွေထိုးကာ နေထိုင်နေကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ညောင်တုန်းမြို့နယ်ကိုယ်စားလှယ် ဒေါ်နီနီမိုးက “ညောင်တုန်းမြို့နယ်ထဲမှာတော့ လေး ငါး ခြောက်ရွာလောက် ကမ်းပြိုနေတာရှိတယ်။ ကယ်ဆယ်ရေးကလည်း ထောက်ပံ့ပေးနေပါတယ်။ အခုချိန်ကတော့ ကမ်းပါးတွေက တအိအိ ပဲ့ကျနေတာပဲ နှစ်တိုင်းလည်း ဒီလိုဖြစ်နေကျပဲ”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၁၇ ခုနှစ် ဧပြီလကစလို့  ဧရာဝတီမြစ်ရေ တိုက်စားတာကြောင့် ညောင်တုန်း၊ ဟင်္သာတ၊ ပန်းတနော်၊ အင်္ဂပူ၊ ဇလွန်နဲ့ ဝါးခယ်မမြို့နယ်တွေက မြစ်ကမ်းပါးဘေး နေထိုင်တဲ့ အိမ်ပေါင်း ၁၀၀၀ ကျော် ဖျက်ခဲ့ရတယ်လို့ တိုင်းဒေသကြီး လူကယ်ပြန်ဌာန စာရင်းတွေအရ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013