DVB Logo
Home
မြန်မာသတင်း
ပဲပုပ်ဈေးကွက် မြင့်လာစေရန် ပြည်ပမှ တင်သွင်းမှုများကို အခွန်တိုးကောက်ရန် လိုအပ်
DVB
·
November 30, 2017
ပဲပုပ်ဈေးကွက် မြင့်လာစေရန် ပြည်ပမှ တင်သွင်းမှုများကို အခွန်တိုးကောက်ရန် လိုအပ်
1 / 2
Donate to DVB

ပြည်တွင်းပဲပုပ်ဈေးကွက် ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ပြည်ပကတင်သွင်းလာတဲ့ ပဲပုပ်တွေကို အခွန်တိုးမြှင့်ကောက်ခံဖို့ လိုအပ်နေတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်များ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ WINROCK International အဖွဲ့က ပြောပါတယ်။

ပဲပုပ်ကို အာဂျင်တီးနား၊ ဘရာဇီးနဲ့ အမေရိကန်တို့မှာ အများဆုံး စိုက်ပျိုးထုတ်လုပ်ကြလေ့ ရှိပြီး ကမ္ဘာ့ပဲပုပ်အထွက်နှုန်း အကောင်းဆုံးမှာ ထိုင်းနိုင်ငံဖြစ်ကာ တရုတ်နိုင်ငံက စားသုံးမှုအများဆုံး ဖြစ်ပါတယ်။

မြန်မာပြည်မှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၇ ခုဖြစ်တဲ့ ရပ်စောက်၊ ပင်းတယ၊ ကျောက်တလုံးကြီး၊ လွယ်လင်၊ မိုးနဲ၊ နမ့်စမ်နဲ့ လဲချားတို့မှာ အများဆုံး စိုက်ပျိုးကြပြီး မိုးရာသီနဲ့ နွေရာသီမှာ အများဆုံး ထုတ်လုပ်ကြပါတယ်။

WINROCK International မှ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြံပေး ကိုငြိမ်းချမ်းက “ကျနော်တို့တိုင်းပြည်ကို ပဲပုပ်တွေ သိန်းနဲ့ချီ ဝင်နေတာတွေရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာလည်း ထွက်တဲ့အခါကျတော့ ကျနော်တို့တိုင်းပြည်က တောင်သူတွေကို ကာကွယ်ပေးစေချင်တယ်။ တဖက်က တင်သွင်းလာတဲ့အပေါ်မှာ အခွန်အခတွေ တအားကို နည်းပါသေးတယ်။ တကယ်တမ်း ပခုံးချင်းယှဉ်လာခဲ့မယ်ဆိုရင် မြန်မာပဲပုပ်သမားတွေက အရေးနိမ့်တဲ့ဘက်မှာ ရှိပါတယ်။ ညီတူမျှတူ ယှဉ်နိုင်ဖို့အတွက်ဆိုရင် ပြည်ပက ဝင်လာတာတွေကို Tax (အခွန်) နည်းနည်းမြှင့်လိုက်မယ်ဆိုရင် အများကြီး ကောင်းသွားမှာပါ” လို့ ပြောပါတယ်။

မြန်မာပြည်မှာ ပဲပုပ်ကို ပဲပြား၊ ပဲငံပြာရည်၊ ဒေသထွက် ပဲပုပ်ခြောက်တွေ၊ ကြက်စာ၊ ငါးစာ စတဲ့ တိရစ္ဆာန်အစာတွေအဖြစ် အများဆုံး ထုတ်လုပ်လေ့ရှိပါတယ်။

ပြည်ပကိုတင်ပို့မှု နည်းပါးနေပြီး ပြည်တွင်းစားသုံးမှုသာ များပြားနေတာကြောင့် ပဲပုပ်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ဖို့လည်း တိုက်တွန်းပါတယ်။

ကိုငြိမ်းချမ်းက “ကျနော်တို့ နေ့စဉ် စားသောက်နေတာတွေက ပဲပုပ်နဲ့လွတ်တာ တခုမှမရှိဘူး။ ကြက်ကအစပေါ့။ ပဲပုပ်စားပြီး ကြီးလာတဲ့ကြက်ကို စားကြတယ်။ ပဲပုပ်ရဲ့ Product (ထုတ်ကုန်) တွေကတော့ အများကြီးလုပ်လို့ရပါတယ်။ ကလေးတွေအတွက် အာဟာရအမှုန့်ကအစ ပဲပုပ်နဲ့လုပ်ထားတယ်။ ဖျော်ရည်တွေနဲ့ ရေခဲမုန့်အတွက်လည်း ရတယ်။ ပြည်တွင်းမှာက Bakery လုပ်ငန်း တအားကျယ်ပြန့်တဲ့အတွက် ပဲပုပ်ကထွက်တဲ့ မုန့်ဖုတ်လို့ရတဲ့ ဂျုံမှုန့်လို့ ပြောရမှာပေါ့။ ဒါတွေဟာ ကိတ်မုန့်တွေ၊ ပေါင်မုန့်တွေ လုပ်လို့ရတယ်။ ဒီလို Bakery လုပ်ငန်းအတွက် အစားထိုးလုပ်မယ်ဆိုရင်တော့ အများကြီးကောင်းပါတယ်” လို့ ပြောပါတယ်။

ပဲစင်းငုံတင်သွင်းခွင့်ကို ပိတ်ပင်ထားတဲ့ အိန္ဒိယနိုင်ငံက ပြီးခဲ့တဲ့ သြဂုတ်လမှာ မတ်ပဲနဲ့ ပဲတီစိမ်း တင်သွင်းမှု ထပ်မံကန့်သတ်ပိတ်ပင်ခဲ့လို့ ပြည်တွင်းပဲဈေးကွက် လှုပ်ခတ်ခဲ့ရပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာ နိုဝင်ဘာ ၂၈ ရက် ဈေးနှုန်းအရ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံ ၁ တန်ကို ၃၂၇၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ တန်ကို ၅၀၀၀ ကျပ် ဈေးတက်လာကြောင်း၊ ရှမ်းပဲပုပ်အနေနဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁ အိတ်ကို ၃၅၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်အထိ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၄၀၀၀ ကျပ် ဈေးတက်လာကြောင်း သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013